တစ်ယောက်ဆိုတာ ဘယ်သူလဲ။ ဗုဒ္ဓမြတ်စွာပွင့်တော်မူတဲ့ အချိန်မှာလည်းဖြစ်တယ်၊
တရားဓမ္မတွေ ထွန်းကားနေတဲ့ အချိန်လည်းဖြစ်တယ်၊ အဲဒီအချိန်မှာ လူလာဖြစ်တယ်၊ အသိ
ဉာဏ်လည်းရှိတယ်၊ ဟော အဲဒီ ပုဂ္ဂိုလ်ကျတော့ မြတ်သောအကျင့်ကျင့်ဖို့ရာ အခွင့်အလမ်းတွေ
အများကြီးရသွားပြီ။
မြတ်စွာဘုရားပွင့်လို့ ပထမဆုံး ဒီအခွင့်အရေးကို ရလိုက်သူဟာ အရှင်ကောဏ္ဍညပါ။
မြတ်စွာဘုရားကိုယ်တော်မြတ်က ဓမ္မစကြာတရားဟောတဲ့ အခါမှာ တရားနာခွင့်ရတာ ဟောဒီ
ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိ ဆိုတဲ့ ငါးဦးပါ။ အဲဒီငါးဦးဟာ ဘုရားအလောင်း
တော် တောထွက်လာတဲ့အချိန်မှာ နောက်ကနေ လိုက်လာကြတဲ့ ပုဂ္ဂိုလ်ငါးဦးပါ။ သူတို့က ဗုဒ္ဓဂ
ယာမှာ ဘုရားအလောင်း တရားကျင့်နေတဲ့အချိန် အနီးအပါးကနေပြီး အားပေးစကားပြောပြီး
ဝတ်ကြီး ၀တ်ငယ်ပြုပြီး နေကြပါတယ်။
ဘုရားအလောင်းတော်ဟာ ဒုက္ကရစရိယာ လို့ခေါ်တဲ့ တပအကျင့်တွေ၊ အစာဖြတ် ရေဖြတ်
တဲ့အကျင့်တွေ ကျင့်တယ်။ နောက်တော့ အဲဒီ အကျင့်တွေဟာ အသိဉာဏ်ကို ရစေနိုင်တဲ့ အကျင့်
တွေ မဟုတ်ဘူးလို့ စဉ်းစားဆင်ခြင်ပြီး ထိုအကျင့်တွေကို စွန့်ပယ်လိုက်တယ်။ စွန့်ပယ်လိုက်တဲ့
အချိန်ကနေ စပြီးတော့ ကောဏ္ဍည ဦးဆောင်တဲ့ ရသေ့ငါးဦးက အထင်အမြင်လွဲသွားပါတယ်။
သြော် ရဟန်းဂေါတမဟာ တရားအကျင့်ကို စွန့်လွှတ်လိုက်ပြီ၊ ဆက်ပြီး တရားမကျင့်တော့ဘူး၊
တရားထူး တရားမြတ်လည်း ရမှာမဟုတ်တော့ဘူးဆိုပြီး ဘုရားအလောင်းအနီးမှာ မနေကြတော့
ဘဲ ဂယာကနေ ဗာရာဏသီပြည်ဘက်ကို ထွက်သွားကြပါတယ်။
အဲဒီလို သူတို့ စွန့်ခွာသွားတဲ့နောက်မှာ ဘုရားအလောင်းတော်ဟာ ခန္ဓာကိုယ်ကိုမျှမျှတတ
ဖြစ်အောင်အစာရေစာများ ပြန်လည်ဘုဉ်းပေး သုံးဆောင်လို့ ခန္ဓာကိုယ် မျှတတဲ့အခါမှာ မဇ္ဈိမပဋိပ
ဒါဆိုတဲ့ အလယ်လမ်းကျင့်စဉ်ကို ကျင့်ပါတယ်၊ အာနာပါနကို အခြေခံတဲ့ ကျင့်စဉ်ကို ကျင့်ပါတယ်။
အဲဒီ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တဲ့အခါ ပထမဈာန်ရတယ်၊ ဒုတိယဈာန်ရတယ်၊ တတိယဈာန်၊
စတုတ္ထဈာန်၊ ပဉ္စမဈာန်၊ အဲဒီကနေ ဈာန်အဆင့်ဆင့်တက်သွားပြီး နောက်ဆုံးမှာအဘိဉာဏ်တွေရလို့
ထို သမထကျင့်စဉ်ကနေပြီးတော့ ၀ိပဿနာ လမ်းကြောင်းကို ပြောင်းလိုက်တဲ့အခါမှာသောတာပတ္တိ
မဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်ဆိုတဲ့ မဂ်လေးပါး ဖိုလ်လေးပါးအဆင့်ဆင့် တစ်ခုပြီး
တစ်ခုရသွားပြီး နောက်ဆုံး အရဟတ္တမဂ်အရဟတ္တဖိုလ် ရပြီးတော့ ဘုရားအဖြစ်ကို ရောက်သွားပါ
တယ်။ အဲဒီကမ္မဋ္ဌာန်းနဲ့ပဲ ဘုရားအလောင်းတော်ဟာဘုရားအဖြစ်သို့ ရောက်သွားတယ်။
ဘုရားအဖြစ်သို့ ရောက်ပြီးတော့ တရား ဟောရမယ့်ပုဂ္ဂိုလ်တွေ ကြည့်လိုက်တဲ့အခါ ဘယ်သူ
အသိဉာဏ်ရှိသလဲ၊ ငါဟောတဲ့တရား ဘယ်သူ နားလည်နိုင်မလဲ ကြည့်လိုက်တော့ နောက်ဆုံးမှာ
ပဉ္စ၀ဂ္ဂီငါးဦးဟာ ငါ့ကိုပြုစုခဲ့တဲ့ကျေးဇူးတရားတွေရှိတယ်၊ သူတို့ကိုဟောမယ်ဆိုပြီး ဓမ္မစကြာတရား
ဟောကြားပါတယ်။ အဲဒီပုဂ္ဂိုလ်ငါးဦးဟာ သူတို့မှာ ကိုယ်ပိုင် အသိဉာဏ်ကလည်းရှိတယ်၊မြတ်စွာဘု
ရားကလည်း ပွင့်လာတယ်၊ တရားဓမ္မလည်း ဟောတယ်၊ ဟော.... အခြေအနေသုံးခုစလုံး သူတို့မှာ
ရှိနေကြပါတယ်။ ဒါနဲ့ ရှင်ကောဏ္ဍညကစပြီး သောတာပန်ဖြစ်သွားကြပါတယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုး
တစ်ဦးသည်သာလျှင် အခြေအနေကောင်းနဲ့ကြုံတယ်လို့ ပြောတာဖြစ်ပါတယ်။ ရှစ်ယောက်နဲ့တစ်
ယောက် ထဲက ဟောဒီ တစ်ယောက်ထဲပဲ အခွင့်အရေးရပါတယ်။ အဲဒီ တစ်ယောက်ထဲမှာပါတဲ့
ပုဂ္ဂိုလ်တွေက ဗုဒ္ဓမြတ်စွာလက်ထက်တော် အခါကာလတုန်းက ပဉ္စ၀ဂ္ဂီငါးဦးကလည်း ဒီတစ်ယောက်
ထဲမှာပါတယ်။ ယသ အမှူးရှိတဲ့ သူငယ်ချင်းလေးယောက်ကလည်း ဒီတစ်ယောက်ထဲမှာ ပါတယ်။
အရှင်မောဂ္ဂလာန်တို့၊ အရှင်သာရိပုတ္တရာတို့လည်း ဒီထဲမှာပါကြတယ်။ အသီတိမဟာသာဝက
ရှစ်ကျိပ်သော တပည့်တွေလည်း ဒီ “တစ်ယောက်” ဆိုတဲ့အထဲမှာ အကုန်ပါကြတယ်။ နောက်ဆုံးမှာ
မြတ်စွာဘုရားဟောတဲ့ တရားဓမ္မနာရလို့ အကျွတ်တရားရသွားတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း ဘုရားပွင့်
လို့ တရားဟောတဲ့အခါမှာ တရားနာခွင့်ရပြီး မြတ်သောအကျင့်ကို ကျင့်လို့ နိဗ္ဗာန်ချမ်းသာကို မျက်
မှောက်ပြုသွားကြတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာ ဟောဒီ ““တစ်ယောက်”” ထဲမှာ
ပါကြပါတယ်။
ဒါကြောင့် အခု တရားချစ်ခင် သူတော်စင်ပရိသတ်တို့လည်း လူ့ဘ၀ရနေကြပြီ၊ ကံဆိုးသူ
ရှစ်ယောက်၊ ကံကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ ကံကောင်းတဲ့ပုဂ္ဂိုလ် တစ်ယောက်ထဲမှာ တို့တတွေပါ
နေတဲ့အချိန်၊ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်သုံးခြင်းဖြင့်သာလျှင် တကယ့်ကံကောင်းတဲ့ပုဂ္ဂိုလ်
ဖြစ်နိုင်မှာ ဖြစ်သောကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် ကံကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ခိုက်
မှာ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
{ ၁၃၆၈ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၈ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌ အရှင်နန္ဒမာ
လာဘိဝံသ (Ph.D) ဟောကြားသော ရှစ်ယောက်နှင့် တစ်ယောက် တရားတော်မှ ကောက်နုတ်
ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment