"" သီလကထာ ဒေသနာ""
သီလရနံ့ ၊ မွှေးပျံ့ ကြိုင်စွာ၊
သီလဆင်သိုင်း၊ ရှုတိုင်းလှပါ၊
သီလစောင့်ငြား၊ မလားပါယ်ရွာ၊
မြတ်သီလ စိတ်ချကိုးကွယ်ရာ။ ။ ။
"""ဒါနကထာ ဒေသနာ"""
ချမ်းသာအပေါင်း၊ ရကြောင်းမှန်စွာ၊
စည်းစိမ်ဘောဂ၊ မြစ်မတည်ရာ၊
အောက်တန်းမကျ၊ ကယ်မသူမှာ၊
မြတ်ဒါန စိတ်ချကိုးကွယ်ရာ။ ။ ။
""""""သင်္ဂဟ၀တ္တု လေးပါး""""""
ပေးကမ်းရက်ရော၊ အပြောချိုသာ၊
သူ့ ကျိုးဆောင်ရွက်၊ မပျက်စေရာ၊
တန်းတူကိုယ်နှင့်၊ အသင့်ထားပါ၊
စည်းလုံးမှု လေးခုသင်္ဂဟာ။ ။ ။
{မဟာစည် ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာ တရားတော်မှ ကူးယူရေးသားပူဇော်သည်။ ။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဓမ္မစကား
နေ့တိုင်းကြားက
စိတ်ထားဖွေးလက်
သိဉာဏ်ထက်၏။ ။
(အရှင် ဆန္ဒာဓိက)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment