ကံသည် ပြုလုပ်သူ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စွမ်းရည်သတ္တိအနေနဲ့ တည်ရှိပြီး နေတယ်။ ကံ
ကိလေသာရဲ့ အကျိုးဖြစ်တဲ့ ခန္ဓာကြီး ရှိနေသမျှ ဒီကံကြမ္မာတွေ ဆိုတာက ပျောက်ကွယ်သွား
မှာမဟုတ်ဘူး။ သို့သော် ကံတိုင်း အကျိုးပေးသလားလို့ ဆိုတော့ အဲဒီလိုတော့လည်း မဟုတ်
ဘူး။ အကျိုးပေးဖို့ရာ အတွက် သူ့မှာ အခြေအနေတွေ လိုသေးတယ်။ ကုသိုလ်ကံက အကျိုး
ပေးဖို့ဆိုတာ တခြား အခြေအနေတွေ ရှိသေးတယ်။ အကုသိုလ်ကံ အကျိုးပေးဖို့ ဆိုတာလည်း
အအြေနေတွေ ရှိသေးတယ်။ ။
{ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၀
ရက်၊ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံ
အိမ်တော်ရာဘုရား ရတနာဃရဓမ္မဗိမာန်တော်ကြီးတွင် အရှင်နန္ဒမာလာဘိဝံသ(Phd)
ဟောကြားသောဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ တရားတော်မှ
ကောက်နုတ်ရေးသားပူဇော်ပါသည်}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment