”မကောင်းမှု”
xxxxxxxxxxxxx
”ဣဓ သောစတိ ပေစ္စ သောစတိ၊
ပါပကာရီ ဥဘယတ္ထ သောစတိ။ ။
သော သောစတိ သော ၀ိဟညတိ၊
ဒိသွာ ကမ္မကိလိဌ မတ္ထနော”။ ။
ဘ၀စုစု၊ သံသာထုတွင်၊
အပြုအပြော၊ သဘောမဖြူ၊
ထိုသည့်သူကား၊ ”ငါမူမကောင်း၊
မှုအပေါင်းကို၊ ရင့်ညောင်းကြာရှည်၊
ပြုမိသည်မှာ၊ မှားခဲ့စွာ” ဟု၊
ကိုယ့်ဟာကိုယ်ပြု၊ ပြစ်သောင်ထု၏၊
ညစ်ကျူဖြစ်တုံ၊ အိုးမလုံက၊
အအုံပွင့်ရာ၊ ဆိုပမာသို့ ၊
မသာနှလုံး၊ မရွှင်ပြုံးနိုင်၊
သောကလှိုင်လျက်၊ သည်းဆိုင်ကြွေမျှ၊
ညှိုးခွေလျ၍၊ စိတ်ကမလန်း၊
ရုပ်ညိုးနွမ်းလျက်၊ ပင်ပန်းရိရှား၊
အောက်လမ်းသွားသည်၊ လေးပါးအပါယ်၊ ဖြောင့်ဖြောင့်တည်း။ ။
{၁၉၈၃ ခု အောက်တိုဘာလ။ ချမ်းမြေ့ဆရာတော် အရှင် ဦးဇနကာဘိဝံသ၏
ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်မှ ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဓမ္မစကား
နေ့တိုင်းကြားက
စိတ်ထားဖွေးလက်
သိဉာဏ်ထက်၏။ ။
(အရှင် ဆန္ဒာဓိက)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment