Sunday, May 25, 2014

ရတနာ သားတွေသမီးတွေ ရအောင် ကိုယ်တိုင်ရွေးချယ်နည်း။

   ဦးဇင်းတို့အမေ  မှားခဲ့တာတစ်ခု  ရှိသတဲ့။ ဦးဇင်းတို့ ငယ်ငယ်တုံးက  ပြောပြီးပြီ၊   အရက်မ
သောက်တတ်ဘူး၊ ဆေးလိပ်မသောက်တတ်ဘူး ပြောသလိုဘဲ၊ ဖဲမရိုက်တတ်ဘူးလို့ မပြောလိုဘူး။
ဖဲရိုက်တတ်တယ်၊ ဘာဖြစ်လို့ ဖဲရိုက်တတ်သလဲ ဆိုတော့ ဖဲရိုက်တာ ၀ါသနာကို ပါလာတယ်။ အဲဒါ
ကို ကြည့်ပြီးတော့၊ အမေက ဘာပြောတယ်ဆိုတော့၊ အိုး....“ငါ့သား, ငါ့သား” ငါ့သားဖဲရိုက်တတ်

တာ အမေ့ကြောင့်တဲ့။ အဖေနဲ့ အမေ အိမ်ထောင်ကျတော့ ကိုယ့်အိုး၊ ကိုယ့်အိမ်လေးနဲ့ နေတဲ့အခါ
အရပ်ထဲမှာ နာရေးရှိလို့ အဖေ ဖဲသွားရိုက်ရင် အမေကလိုက်သွားတယ်၊ ကိုယ်ကလဲ ပါသွားတယ်
“ဗိုက်ထဲမှာ”။ ရယ်စရာ မောစရာ ပြောတာမဟုတ်၊ အမေကိုယ်ဝန်ဆောင်တဲ့အခါ၊  အမေလုပ်ချင်
တာ သွားတဲ့ဆီကို အဲဒီကလေးက  ဓါတ်ကူးသည်။
      ပေါ့ပေါ့မလုပ်ပါနဲ့  အဲဒီအသိတွေ မရှိလို့လဲ ကိုယ့်သားသမီးကို ဘယ်လိုစောင့်ရှောက်ရမှာလဲ
မသိတဲ့ အမေတွေ တစ်ပုံကြီး၊ အဲဒီ အသိတွေ မရှိလို့  ကိုယ့်သားသမီးကို ဘယ်လိုစောင့်ရှောက်ရ
မှာလဲ မသိတဲ့ အဖေတွေ တစ်ပုံကြီး။  ဦးဇင်းအမေ အဲဒီဟာလေးကို သဘောပေါက်  ကတည်းက
နောင် ဘယ်တော့မှ အဲဒီလိုမျိုး သူ့စိတ်ထဲမှာ လုပ်ချင်စိတ် မရှိတော့။  အိုး... သားကောင်၊ သမီး
ကောင်းတို့အမေ ဖြစ်မည့်  ပုဂ္ဂိုလ်တွေ ဂရုစိုက်လိုက်စမ်းပါ။ အခုကတည်းက  ကိုယ့်သားသမီးကို
လိမ္မာလာစေချင်ရင်၊ သားတွေ သမီးတွေ ဗိုက်ထဲရှိရင် မဟုတ်တာတွေ မလုပ်ဖို့၊ မဟုတ်တဲ့ ( ဖဲ၊
အရက်၊ နိုက်ကလပ်) ဆီကိုမသွားဖို့။ ကြည့်.... အဖေသွားတော့  အမေလိုက်  အမေလိုက်တော့
ကိုယ်ပါ (ဗိုက်ထဲမှာ) ပါသွားတယ်။ ကိုယ် မမြင်ရပေမဲ့ ဓါတ်ကူးတယ်။“ငါ့သားရေ အမေမကောင်း
တာ။ အိမ်မှာ ကျန်ခဲ့ရင် ရရင့်သားနဲ့ ယောက်ျားနောက် လိုက်သွားတယ်၊ ဖဲဝိုင်းထဲမှာ ရောက်ဖူးတဲ့
အတွက် ဖဲဝါသနာပါတာပဲ” လို့   အမေ  အဲဒီအတိုင်း ဆုံးဖြတ်ထားတယ်။
      နားလည်လိုက်စမ်းပါ သဘောပေါက်လိုက်စမ်းပါ၊ မိဘက သားသမီးကို ချစ်ပေမဲ့ မချစ်တတ်
တော့၊ ကိုယ်ဝန်ကြီးနဲ့ ဖဲဝိုင်းသွားမဲ့ ပုဂ္ဂိုလ်တွေ၊ အရက်ဆိုင်ကိုသွားမဲ့ ပုဂ္ဂိုလ်တွေ၊ အိုး....  မသင့်
တော်တဲ့ အရပ်တွေကိုသွားမဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ တကယ်ပြောရရင် ဟောဒီသားကို ပုံစံသွင်းတာ
အမေနဲ့အဖေ၊  ဟောဒီသမီးကို ပုံစံသွင်းတာ အမေနဲ့အဖေ။ ဘုရားရှင်  ကိုယ်တော်မြတ်ကြီး   အ
လောင်းတော် ဟိုး... နတ်ပြည်လောက နတ်နန်းကနေပြီးတော့ မယ်တော်မာယာရဲ့ ၀မ်းကြာတိုက်
ကို ၀င်မယ်ဆိုတော့ ကြည့်ခြင်းကြီး ငါးပါးနှင့်ကြည့်သည်။ နတ်ပြည်ဌာန နတ်လောက က လူ့ပြည်
လာမည့် ပုဂ္ဂိုလ်တွေဟာ မရမ်းမလာဘူး  လှမ်းကြည့်တာ၊  လူ့ပြည်ဌာန  လူ့လောကကို   လာတဲ့
ပုဂ္ဂိုလ်က  ဗြဟ္မာပြည်ကလဲ  လာတယ်၊  နတ်ပြည်ကလဲ  လာတယ်၊   လူ့ပြည်ကလဲ  လာတယ်၊
အပါယ်(၄) ဘုံကလဲ လာတယ်။ နတ်ပြည်ကလာမဲ့ ပုဂ္ဂိုလ်တွေကတော့  ဘယ်သူ့ကို အဖေတော်
ရမှာလဲ၊ ဘယ်သူ့ကို အမေတော်ရမှာလဲလို့  ကြည့်နေတယ်။
        မိမိတို့ တကယ်တန်း သားကောင်း ရတနာလေးတွေ၊ သမီးကောင်း ရတနာလေးတွေ၊  လို
ချင်တယ်ဆိုရင်၊  ဥပုသ်သီလတွေ  စောင့်ထိန်း လိုက်စမ်းပါ၊ ငါးပါးသီလကို   ခါးဝတ်ပုဆိုးကဲ့သို့  
မြဲလိုက်စမ်းပါ။ အဖေကလဲ သီလ၊ သမာဓိ၊ ပညာရှိ၊ အမေကလဲ သီလ၊ သမာဓိ၊ ပညာရှိ။ မူးမူးရူး
ရူး၊ မိုက်မိုက်ကန်းကန်း၊ မဟုတ်တယုတ် လုပ်တာမျိုး မရှိရင်၊ နတ်ပြည်ဌာနက နတ်သား၊ နတ်သ
မီးတွေက အမေတော်ဖို့ရွေးတာ ကိုယ်ပါသည်၊  အဖေတော်ဖို့ရွေးတာ ကိုယ်ပါသည်၊  အဲဒါပဲ... ။
ကိုယ့်မှာ သားရတနာ၊ သမီးရတနာတွေ ရအောင် ကိုယ်ရွေးလို့ ရသည်။ ဒါပေမဲ့ ဒီနည်းတွေ ဘယ်
သူမှ မသိကြပါလေ။ ဘုရားရှင်တော် ကိုယ်တော်မြတ်ကြီး၏ သာသနာမှာ ကြည်ညိုမီခို အားထား
ရတဲ့ ဒီလောက်ထိ  အသိတရားတွေ  တိုးနိုင်တယ်။
      တကယ်လို့သာ ကိုယ်က သီလလဲမရှိ၊ သမာဓိလဲမပါ၊ ပညာဉာဏ်ကလဲ ဘာမှမရှိဘဲနဲ့  မူးမူး
ရူးရူး၊ မိုက်မိုက်ကန်းကန်း၊ အရက်သောက်လိုက်၊ ဖဲရိုက်လိုက်၊ ချဲထိုးလိုက်တဲ့ အမေ၊ အဖေမျိုးကို
ဘယ်သူဝင်လာမှာလဲဆိုရင်..လမ်းဘေးက ပြိတ္တာ ။  အဲဒီ ပြိတ္တာတွေပဲ ၀င်တော့တာ။  ဘယ်နတ်
သား၊ နတ်သမီးကမှ စုတေပြီး ၀င်ချင်စိတ်ကို မရှိဘူး။ နောင်လာမည့် သားသမီးကို မေတ္တာရှိရင်
ပြင်လိုက်စမ်းပါ။  ကောင်းတာလေးကို ကျင့်လိုက်စမ်းပါ။  မိဘတွေ အလိုအပ်ဆုံး ဖြစ်တဲ့   သား
ကောင်း  ရတနာ၊ သမီးကောင်း ရတနာ၊ ရအောင် ကိုယ်တိုင် ရွေးချယ်နိုင်သော သူတော်ကောင်း
တွေ ဖြစ်ကြပါစေ သတည်း။
{၂၀၀၆ ခုနှစ် ဧပြီလ ၁၅ ရက် မှော်ဘီမြို့၊သင်္ကြန်တရားစခန်းတွင် ဓမ္မဒူတ အရှင်ဆေကိန္ဒဟော
ကြားတော်မူသော “ငြိမ်းအေးပါပေစွတကား“တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
   သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment