Monday, May 5, 2014

မာနစိတ်၏ ထွက်ပေါက်များ။

         လောကမှာ ဒီမာနဆိုတာက ကျန်နေတတ်တယ်။ မာနဆိုတာ ကိုယ့်ရဲ့အရည်အသွေး  အရည်
အချင်းပေါ်မှာ အခြေစိုက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ သဘောတရားတစ်ခုပဲ။ ဒါကို စာပေက “အသ္မိမာန”
လို့ ပြောကြပါတယ်။

         မာနဆိုတာဟာ သူများထက်သာတယ်လို့ပြောမှ မာန မဟုတ်ဘူး။ လူတွေမှာ ဖြစ်တတ်ပါတယ်၊
ဆိုပါစို့ - အဘိဓမ္မာတရားဟောလို့ရှိရင် ငါ နားမလည်ပါဘူးကွာ, နားလည်နိုင်မှာ မဟုတ်ပါဘူး,  တို့
ဉာဏ်မမီပါဘူးလို့ အဲဒီလိုတွေးတာကလည်း နိမ့်ကျတဲ့မာနပါပဲ။ ဒါကတော့ ငါ့အတွက် လွယ်လွယ်လေး
ပဲလို့ သွားတွေးလို့ ရှိရင်လည်း သူ့အရည်အချင်းပေါ်မှာ တွေးတောဖြစ်သည့်အတွက်ကြောင့် မာနပါပဲ။
အဲဒီလို မာနမျိုးတွေဟာ တရားထူး တရားမြတ်ရဖို့ရာအတွက် အဟန့်အတားတစ်ခု ဖြစ်ပါတယ်။
         ဒါကြောင့် အဲဒီ အဟန့်အတားဆိုတဲ့ ကိုယ့်ရဲ့ အရည်အချင်းပေါ်မှာ အားကိုးပြီး ဖြစ်ပေါ်နေတဲ့
မာနအထင်တွေ ပျောက်သွားအောင် ၀ိပဿနာကျင့်စဉ်ကျင့်ရတယ်။ နောက်ဆုံး  ရဟန္တာပုဂ္ဂိုလ်ဘဝ
ရောက်သွားလို့ အရဟတ္တမဂ် အရဟတ္တဖိုလ် ရသွားပြီ ဆိုလို့ရှိရင်တော့ ခုနကပြောတဲ့ ကိုယ့်ရဲ့ အရည်
အသွေးပေါ်မှာ အထင်ရောက်တဲ့ မာနတရားဟာ လုံးဝ ရှင်းသွားပါလိမ့်မယ်၊ အဲဒါက  မာနတရားရဲ့
ထွက်ပေါက်ဖြစ်ပါတယ်။
         အဲဒီလို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က   “နိဿရဏဓာတုသုတ်” မှာ   စိတ်၏ထွက်
ပေါက်များဆိုပြီး ဟောထားတာရှိပါတယ်။ ဒီထွက်ပေါက်များသည်သာလျှင်   တကယ့်စစ်မှန်တဲ့ထွက်
ပေါက်များ ဖြစ်သည့်အတွက်ကြောင့် ထိုတရားများဟာ လက်တွေ့ကျင့်သုံးနိုင်မယ်ဆိုရင် ဒီထွက်ပေါက်
တွေဟာ ကိုယ်ကိုယ်တိုင် သိရှိနိုင်မယ့် ထွက်ပေါက်မျိုးတွေ ဖြစ်ပါတယ်။
          တရားချစ်ခင် သူတော်စင်အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့  စိတ်၏ထွက်
ပေါက်များကို လက်တွေ့ကျကျ အသုံးချပြီးတော့ မိမိတို့စိတ်ရဲ့ အကျဉ်းအကြပ်မှ လွတ်နိုင်ကြတယ်။
ဒေါသဆိုတဲ့ emotion တွေ, ၀ိဟိံသာဆိုတဲ့ emotion တွေ, အရတိဆိုတဲ့ မပျော်မွေ့နိုင်မှု emotion
တွေ, ရာဂ ဆိုတဲ့ တပ်မက်မှု emotion တွေ, သင်္ခါရ တရားတွေနဲ့ ပတ်သက်ပြီးတော့ မြဲတယ်ဆိုတဲ့
အထင်နိမိတ်တွေ၊ ကိုယ့်ကိုယ်ကိုထင်နေတဲ့ ကိုယ့်အရည်အသွေးပေါ်မှာ အခြေပြုပြီးတော့ထားတဲ့ မာန
တွေ၊ အဲဒီ emotion တရားတွေရဲ့ ထွက်ပေါက်တွေဟာ မေတ္တာတို့, ကရုဏာတို့, မုဒိတာတို့,
 ဥပေက္ခာတို့¸၀ိပဿနာနဲ့ အရဟတ္တမဂ်ဉာဏ်များသာ ဖြစ်တယ်လို့ ဗုဒ္ဓမြတ်စွာက ဟောကြားတော်မူ
ခဲ့တာ ဖြစ်ပါတယ်။
          ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် မိမိတို့သန္တာန်မှာ အဆင့်ဆင့် လေ့
ကျင့်ယူခြင်းဖြင့် ရနိုင်တဲ့တရားတွေ ဖြစ်တဲ့အကြောင်း ကိုယ်တိုင်သိရှိနားလည်ပြီး မိမိတို့မှာ   စိတ်၏
ထွက်ပေါက်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရအောင်ရှာပြီး ထာဝရငြိမ်းတဲ့ အငြိမ်းဓာတ်ကို ကိုယ်စီကိုယ်ငှ
မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။ ။
{ ၁၃၇၁ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကိုင်းတန်း
    လမ်း၌ အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားသော “စိတ်၏ ထွက်ပေါက်များ” တရား
       တော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment