၁။ မဟာကရုဏာ သမာပတ္တိဉာဏ် = မြင်မြင်သမျှ ဝေနေယျတို့ကို ရင်၌ဖြစ်သော သားကဲ့သို့
သနားကြင်နာတော်မူခြင်း။
၂။ ဣန္ဒြိယပရော ပရိယတ္တိဉာဏ် = သတ္တ၀ါအပေါင်းတို့၏ ဣနြေ္ဒနုရင့်ကို ထောက်ခြင့် ဆင်
ခြင်တော် မူနိုင်ခြင်း။ (မည်သည့်အခါ အကျွတ်တရား
ရလိမ့်မည်ဟု သိတော်မူသည်။)
၃။ သဗ္ဗညုတ ဉာဏ် = အလုံးစုံသော တရားအပေါင်းတို့ကို အကြွင်းမရှိ သိတော်
မူခြင်း။
၎။ ယမကပါဋိဟာရိယဉာဏ် = ကိုယ်တော်မှ ရေမီးအစုံတို့ကို ထွက်အောင် ဖန်ဆင်း
တော်မူခြင်း။
၅။ အာသယာနုသယဉာဏ် = သတ္တ၀ါတို့၏ အလိုဆန္ဒကို သိတော်မူခြင်း။
၆။ အနာဝရဏဉာဏ် = အလုံးစုံသော အခြင်းအရာကို ဆီးတားပိတ်ပင်ခြင်းမရှိ
သိတော်မူနိုင်ခြင်းတို့ ဖြစ်ပါတယ်။ ။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanadi.tk
http://www.damanadi.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
==============================
“ ဂုဏ်အလှ ”
=========
* ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း။
* ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်
လူ့ဘုံလောက၊ အကာမျှတည့်၊
သူက ငြူစူ၊ မကြည်ဖြူ၍
ခွာယူလိုက၊ ခွာ၍ရ။
* ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက၊ နှစ်သာရတည့်
သူက ငြူစူ၊ မကြည်ဖြူလည်း
ခွာယူမရ၊ ကွာမကျ။ ။
(ဇော်ဂျီ)
No comments:
Post a Comment