* မြန်မာတွေ စည်းကမ်းဖောက်လို့၊
ထီးနန်းပြောက်ဖြစ်ပြီ။ (ပျောက်)
* မှီငြမ်းထောက် အသစ်ကိုမှီသည်၊
ညစ်ပလီ လူမျိုး။
* မိပစ်လို့ ဖ ရှောင်သွေတယ်၊
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျို့။
* မြန်မာချင်း ကြွားကြတာ၊
ဓားပြကာ လူဆိုး။
ကုလားမြင် သူ့အမွေစိုးတော့မလို၊
ခုမြေလျှိုးပုန်းရှောင်၊
မိုက်မနော် ပြုမဟေးတို့က၊
သူ့ပထွေးတော့ ခွေးသို့မဟောင်။
* ပြောရော့ဟဲ့ ရာဇ၀င်ပြောင်အောင်၊
စာဇင်တောင် ဦးချလို့၊ (ဆာဂျင်)
ပလူးရပြေးကြို ခါခါ၊ ခွေးသို့ပမာ။
* တွေးမိတိုင်း အရိုးနာသည်၊
အမျိုးပါ ဆဲချင်ပေါ့လေး။ ။
(အချုပ်တန်း ဆရာဖေ)
--------------
ဦးသိန်းဝေ။ http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment