အရှင်ဘုရား
ရှိခိုးကန်တော့ပါတယ်ဘုရား။ အချိန်ရရင် တခုလောက်ဖြေကြားပေးပါ။ ရင်ထဲမှာ
သိချင်စိတ်ဖြစ်လာလွန်းလို့ပါဘုရား။ အမှားပါရင် ခွင့်လွတ်ပါ။
တပည့်တော်မတို့အိမ်မှာ မွေးထားတဲ့နွားနှစ်ကောင်က
အဖေကရောင်းထုတ်ပစ်လိုက်တယ်လို့ ခုပဲသိရပါတယ်ဘုရား။
ရင်ထဲမှာတွေးမိပြီး သနားပြီး စိတ်မကောင်းဖြစ်ပြီး ငိုမိပါတယ် ဝဋ်ကြွေးကြေတာပေါ့လေလို့ပဲ ဖြေသိမ့်လိုက်ရပါတယ်။ တပည့်တော်မ သိချင်တာက အကြောင်းမကောင်းခဲ့လို့ သူတို့တိရစ္ဆာန်ဘဝ ရောက်ခဲ့ရတယ်ထား။ သူတို့ကို ဘဝကောင်းရောက်အောင် ဘယ်လိုမျိုးလုပ်ပေးရင် ရပါသလဲ။ ဘယ်လိုမှလုပ်ပေးလို့ မရတော့ဘူးလား။ တပည့်တော်မကနေ သူတို့ရဲ့ ကံတရားကောင်းအောင် ဘာများလုပ်ပေးလို့ ရနိုင်မလဲဘုရား။ လူတစ်ယောက် ဆုံးပါးသွားရင်တော့ အလှူအတန်းလုပ်ပေးရင် ရနိုင်တယ်လို့ပြောပါတယ်။ ဒီလိုတိရိစ္ဆာန်လေးတွေ အတွက်ရော လုပ်ပေးလို့ ရပါသလားဘုရား အချိန်ရရင် ဖြေကြားပေးတော်မူပါ့ဘုရား။
ရင်ထဲမှာတွေးမိပြီး သနားပြီး စိတ်မကောင်းဖြစ်ပြီး ငိုမိပါတယ် ဝဋ်ကြွေးကြေတာပေါ့လေလို့ပဲ ဖြေသိမ့်လိုက်ရပါတယ်။ တပည့်တော်မ သိချင်တာက အကြောင်းမကောင်းခဲ့လို့ သူတို့တိရစ္ဆာန်ဘဝ ရောက်ခဲ့ရတယ်ထား။ သူတို့ကို ဘဝကောင်းရောက်အောင် ဘယ်လိုမျိုးလုပ်ပေးရင် ရပါသလဲ။ ဘယ်လိုမှလုပ်ပေးလို့ မရတော့ဘူးလား။ တပည့်တော်မကနေ သူတို့ရဲ့ ကံတရားကောင်းအောင် ဘာများလုပ်ပေးလို့ ရနိုင်မလဲဘုရား။ လူတစ်ယောက် ဆုံးပါးသွားရင်တော့ အလှူအတန်းလုပ်ပေးရင် ရနိုင်တယ်လို့ပြောပါတယ်။ ဒီလိုတိရိစ္ဆာန်လေးတွေ အတွက်ရော လုပ်ပေးလို့ ရပါသလားဘုရား အချိန်ရရင် ဖြေကြားပေးတော်မူပါ့ဘုရား။
ဖြေ။ မနာပဒါယီ အရှင်ဝိစိတ္တ (https://www.facebook.com/ashinvicitta)
နိမ့်ကျတဲ့
ဘဝကို ရောက်နေတဲ့ တိရစ္ဆာန်တွေအတွက်လည်း ကောင်းတဲ့ဘဝကို ရောက်အောင်
ပြုလုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် လူနဲ့အနီးဆုံး ဖြစ်နေတဲ့ ခွေးကြောင်နွား
စတဲ့ သတ္တဝါတွေအတွက် လုပ်ပေးနိုင်ဖို့ အခွင့်အရေး ပိုများကြပါတယ်။ တစ်ချို့
သတ္တဝါတွေဟာ လူတွေရဲ့ မေတ္တာဓာတ်၊ လူတွေရဲ့ သင်ကြားပေးမှုကြောင့် ကောင်းတဲ့
အမူအကျင့်လေးတွေ လုပ်တတ်နေတာကို တွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် ရဟန်းသံဃာတွေ
ဆွမ်းခံကြွလာတဲ့ အခါ သံဃာမှန်းသိပြီး ခရီးဦးကြိုတာ၊ အသိအမှတ်ပြုတာ၊
လူတွေလုပ်သလို လိုက်လုပ်တာ စတာတွေဟာ သူတို့ကို ကောင်းတဲ့ဘဝကို
ထောက်ပံ့ပေးနိုင်တဲ့ ကံတွေပဲ ဖြစ်ပါတယ်။
ရှေးအခါက
နွားကျောင်းသားတစ်ဦးရဲ့ အိမ်မှာမွေးထားတဲ့ ခွေးလိမ္မာတစ်ကောင်
ရှိခဲ့ဖူးပါတယ်။ အဲဒီခွေးလေးဟာ နွားကျောင်းသား ကိုးကွယ်တဲ့ ရဟန်းတော်ကို
အကြိုအပို့ လုပ်တဲ့အခါမှာ လမ်းခရီးတစ်လျှောက် အန္တရာယ် မကျရောက်အောင်
အသံဟောင်ပြီး ရှင်းလင်းပေးလေ့ရှိပါတယ်။ နောက်ပိုင်း အဲဒီ ကုသိုလ်အရှိန်နဲ့
သေလွန်တဲ့အခါ နတ်ပြည်မှာ အသံကောင်းတဲ့ ဃောသက နတ်သားအဖြစ်ကို ရရှိခဲ့ပါတယ်။
(ကျမ်းကိုး- ဃောသကသူဌေး- မဟာဗုဒ္ဓဝင် တတိယတွဲ) ဒါကိုကြည့်ရင် သတ္တဝါတွေကို
အသက်ရှင်နေတဲ့ အခိုက်မှာ ကောင်းတဲ့အလေ့အကျင့်လေးတွေ လုပ်ပေးရင် ဒီကုသိုလ်
အရှိန်နဲ့ ကောင်းတဲ့ဘုံဘဝကို ရောက်နိုင်တယ်ဆိုတာ နားလည်နိုင်မှာ ဖြစ်ပါတယ်။
နောက်
အဲဒီသတ္တဝါတွေ သေပြီးသွားတဲ့အခါမှာလည်း လူတွေလို သူတို့ကို အာရုံပြု
ရည်စူးပြီး အမျှပေးဝေပါက သာဓုခေါ်နိုင်တဲ့ဘဝကနေ သာဓုခေါ်ပါက
ဒီအကျိုးကျေးဇူးကြောင့် ကောင်းတဲ့ဘဝကိုလည်း ရရှိစေနိုင်တာ ဖြစ်ပါတယ်။
များသောအားဖြင့် လူတွေကို ခင်တွယ်တဲ့ သတ္တဝါတွေဟာ သေတဲ့အခါမှာလည်း
သူတို့ခင်မင်တဲ့ သူတွေကို စွဲလန်းတဲ့ စိတ်နဲ့သေးသွားနိုင်ပြီး
အဲဒီအစွဲကြောင့်ပဲ အိမ်နီးဝန်းကျင်မှာ ပြိတ္တာအဖြစ် ကျင်လည်ရတာလည်း
ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီလို ပြိတ္တာဘဝ ရောက်သွားတဲ့ တိရစ္ဆာန်တွေကိုလည်း
ကုသိုလ်လုပ် အမျှပေးဝေးတဲ့အခါ အဲဒီဘဝကနေ သူတို့သာဓု ခေါ်နိုင်ပါက
ဒီအဖို့အစုကို ရရှိပြီးကောင်းတဲ့ ဘုံဘဝမှာ ပြန်လည်ဖြစ်နိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့်
တိရစ္ဆာန်ဘဝမှာ ရှိတဲ့ သတ္တဝါတွေဟာ လူတွေလောက် အသိဉာဏ်မရှိတဲ့အတွက် အဲဒီ
နိမ့်ကျတဲ့ ဘဝကနေ ကောင်းတဲ့သုဂတိဘဝကို ပြန်ရောက်ဖို့ ခဲရင်းပေမယ့်
အဲဒီသတ္တဝါတွေကို လူတွေက ကလျာဏမိတ္တအနေနဲ့ အထက်မှာပြောခဲ့တဲ့အတိုင်း
သူတို့အသက်ရှင်နေတုန်းနဲ့ သေပြီးနောက်ပိုင်းတွေမှာ ကုသိုလ်အလေ့အကျင့်တွေ၊
ကုသိုလ်အဖို့အစုတွေနဲ့ ကောင်းတဲ့ဘုံဘဝကိုရောက်အောင် ကူညီလို့ ရနိုင်ကြောင်း
ဆိုခြင်းဖြစ်ပါတယ်။
http://www.venvicitta.comမှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment