ငရဲကြီး (၈) ထပ်မှာ===
၁။ သိဉ္ဇိုးငရဲ = အသက်ရှည်စွာ ငရဲသားတို့ ခံစားရသော ငရဲ။
၂။ ကာလသုတ် = အလျှံပြောင်ပြောင်တောက်သော တမျဉ်းခြည်ကိုချ၍ ရှစ်မြှောင့်၊ တစ်ဆယ့်
ခြောက်မြှောင့် ရွေ့သော ငရဲ။
၃။ သံဃာတ = အလျှံပြောင်ပြောင်တောက်သော သံတောင်တို့ဖြင့်ကြိတ်လျက် ခံရသော ငရဲ။
၎။ ရောရုဝ = နီသောသွေးအလျှံ ပြည့်အောင် ခံရသော ငရဲ။
၅။ မဟာရောရုဝ = သွေးများစွာ ပြည့်လျှံအောင် ခံရသော ငရဲ။
၆။ တာပန္န = မတုန်လှုပ်နိုင်ကုန်လျက် ပူစေသော ငရဲ။
၇။ မဟာတာပန္န = များစွာ ပူပန်ခြင်းကို ခံရသော ငရဲ။
၈။ အ၀ီစိ = မီးလျှံတို့၏ လည်းကောင်း၊ ငရဲသူ သတ္တ၀ါတို့၏ လည်းကောင်း၊ ငရဲသူ သတ္တ၀ါတို့၏
ဆင်းရဲ၏ လည်းကောင်း၊ အကြားအပေါက်မရှိ ခံရသော ငရဲတို့ ဖြစ်ပါတယ်။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment