ရှင်အာနန္ဒက စဉ်းစားလိုက်တယ်။ “ငါ ဘာလို့ တရားထူး တရားမြတ်
မရတာတုန်း”လို့။ သန်းခေါင်ကျော်သွားပြီ၊ မနက်လင်းဖို့လည်း နီးလာပြီ။ သြော် ငါ့စိတ်တွေ
ပြင်းထန်နေပြီး ၀ီရိယတွေ လွန်ကဲနေတယ်၊ သမာဓိက လျော့နည်းနေတယ်။ အဲဒါကို ရှင်အာ
နန္ဒက သိတယ်။ ၀ီရိယတွေ သိပ်လွန်ကဲနေရင် ဥဒ္ဓစ္စ ဖြစ်တယ်။ သမာဓိတွေ လျော့နည်းတတ်တယ်။
အဲဒီတော့ ၀ီရိယကို နည်းနည်းလျော့ပေးဦးမှ ဖြစ်မယ်ဆိုပြီး စင်္ကြန်လျှောက် တရားအားထုတ်နေ
ရင်းက ခေတ္တခဏ အနားယူမယ်ဆိုပြီး အိပ်ရာညောင်စောင်းပေါ်မှာ လှဲဖို့ရာ တင်ပလွှဲလေး ထိုင်လိုက်
တယ်။ ထိုင်ပြီးတဲ့အခါ စောင်းပြီး လှဲလိုက်တာ အဲဒီအချိန်လေးမှာ သတိမလွတ်ဘူး၊ ထိုင်လိုက်တဲ့
အချိန်မှာကြည့်၊ ဘာတွေနှလုံးသွင်းနေမလဲ။ အိပ်ယာနှင့် တင်ပဆုံနှင့် ထိတဲ့အချိန်မှာ ကာယပသာဒ
ရယ်၊ ဖောဋ္ဌဗ္ဗာရုံရယ်၊ ကာယ၀ိညာဏ်စိတ်ရယ်၊ ဖဿရယ်၊ ဝေဒနာရယ်၊ ဒီ တရား(၅)မျိုး သတိထားမှာ
ပေါ့နော်။ အဲဒီလို ရှုမှတ်နေရင်းက ရှင်အာနန္ဒ မထေရ်မြတ်ဟာ ခေါင်းကလည်း ခေါင်းအုံးနဲ့မထိသေး
ခင်၊ ခြေထောက်ကလည်း ကြမ်းကအကြွ၊ ခေါင်းကလည်း ခေါင်းအုံးပေါ် မရောက်ခင်ကလေး အဲဒီစပ်
ကြားလေးမှာ ရဟန္တာ ဖြစ်သွားတယ်တဲ့။
{ ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊
(၁၆)ရပ်ကွက်၊ ဓမ္မသဘင် အခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားအပ်
သော “အရှင်အာနန္ဒ ၏ ၀ိပဿနာ” တရားဒေသနာတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment