ဘုရားရှင်တော်မြတ်ကြီးသည် ရတနာဃရသတ္တာဟ ( ၇ ) ရက်စံနေတော်မူပြီးနောက်
ဝိမုတ္တိချမ်းသာဖလသမာပတ်ကို ခံစားလျက် အဇပါလခေါ်သော ဆိတ်ကျောင်းညောင်ပင်ရင်း၌
( ၇ ) ရက် စံနေတော်မူပါသည် ။
အဇပါလဟုခေါ်ဆိုခြင်းမှာ ဆိတ်ကျောင်းသားတို့ အရိပ်ခိုဝင်ရာ နေရာဖြစ်သော
ကြောင့် ဤညောင်ပင်ကို အဇပါလဟုခေါ်ဆိုခြင်း ဖြစ်ပါသည် ။ ထိုညောင်ပင်ရင်း၌ သီတင်း
သုံးနေစဉ် မာရ်နတ်၏ သမီးသုံးယောက်ဖြစ်သော တဏှာ , အရတီ , ရဂါ တို့သည် ဘုရား
ရှင်ထံလာရောက်၍ မြူဆွယ်ဖြားယောင်းကြသည်။ အမျိုးမျိုး မြှူဆွယ်ဖျားယောင်းကြသော်
လည်း ဘုရားရှင်မှာ ကိလေသာအားလုံးကို ပယ်သတ်ပြီးဖြစ်သဖြင့် အောင်ပွဲရတော်မူခဲ့သည် ။
ထို့ပြင် ဘုရားဖြစ်တော်မူပြီးနောက် လူသားများမှ ဘုရားရှင်ကို ပထမဦးဆုံးတွေ့ဆုံရသူ
ဟုံဟုင်္ကဇာတိကပုဏ္ဏားက “ အဘယ်မျှသောအတိုင်းအတာဖြင့် ဗြဟ္မဏပုဏ္ဏား ဖြစ်နိုင်ပါသနည်း၊
ဗြဟ္မဏပုဏ္ဏားအဖြစ်ကို ပြုနိုင်သောတရားတို့ကား အဘယ်တရားတို့ပါနည်း ” ဟု မေးမြန်းသော နေရာဖြစ်သည် ။
(သုဓမ္မသိင်္ဂီ ခင်ဆွေလဲ့၏ ဗုဒ္ဓဂယာမြေမြတ်မဟာ တရားစခန်းပွဲဓမ္မခရီးမှ ကူးယူရေးသား
ပူဇော်ပါသည်။)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment