လူ့လောကမှာ မေတ္တာလောက် တန်ခိုးထက်သောအရာ မရှိပါ။ မေတ္တာတရားဟာ လော
ကကြီးတစ်ခုလုံးတွင် တန်ခိုးအထက်ဆုံးနှင့် စိတ်အချမ်းသာဆုံးတရား ဖြစ်ပါတယ်။ ချမ်းသာမှုတ
ကာတို့တွင် ဘယ်ချမ်းသာမှုနှင့်မျှ မတူကြောင်း ကိုယ်တိုင် မေတ္တာတရား ပွားများနေဖူးသူတိုင်း
ကောင်းစွာသိပြီး ဖြစ်ကြပါမယ်။ နှစ်ပေါင်းကြာမြင့်စွာ လူသူမနီးသော တောကြီးတောင်ကြီးတွေ
ထဲ၌လည်းကောင်း သိကျွမ်းဖူးခြင်းမရှိသော လူမျိုးစုတို့နေထိုင်ရာ နယ်စွန်နယ်ခြား တောတောင်
ကန္တာရခရီးမျိုးစုံ၌လည်းကောင်း လှည့်လည်သွားလာ နေထိုင်ခဲ့တဲ့ ဆရာတော်ကြီးဟာ ဗြဟ္မ
ဝိဟာရတရား ၄ ပါးကို လက်ကိုင်ထား နေလာခြင်းဖြစ်ပါတယ်။
ဗြဟ္မ၀ိဟာရတရား ၄ ပါး ဆိုတာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မ
စိုရ်တရား ၄ ပါး ဖြစ်ပါတယ်။ ဆိုလိုရင်းအဓိပ္ပါယ်မှာ -“အထက်ဘုံစံ ဗြဟ္မာကြီးတို့ကဲ့သို့သော အေး
ချမ်းကြည်လင် ငြိမ်သက်စွာ နေပုံနေနည်း” ဟု ဆိုလိုပါတယ်။
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မ စ္ဆရိယ၊ ကောဓ စသော စိတ်ကြမ်း၊ စိတ်ရိုင်း၊
စိတ်မှိုင်း၊ စိတ်ထိုင်း၊ စိတ်ယုတ် စရိုက်ကြမ်းတွေ မကိန်းအောင်းစေဘဲ စိတ်နှလုံးသားတွင် လှုပ်
ရှားခြင်း မရှိဘဲ ငြိမ်သက်စေ၍ အေးချမ်းစွာ၊ ကြည်လင်စွာ နေထိုင်လေ့ရှိခြင်းကို ဆိုပါတယ်။
မြတ်သောအကျင့်တရားကို မြဲမြံစွာ ၀မ်းဝယ်ပိုက်၍ ကျင့်နေလေ့ရှိကြသော ပါရမီရှင် ဘု
ရားအလောင်းတော်ကြီးတို့၏ နေထိုင်နည်း၊ ဘ၀ရပ်တည်နည်း၊ သံသရာတစ်ခွင် ကျင်လည်နေ
ထိုင်နည်းမှာ ဤနည်းပင် ဖြစ်ပါတယ်။
ဤတရား ၄ ပါးဟာ အေးချမ်းပါတယ်၊ မြင့်မြတ်ပါတယ်၊ ကောင်းကျိုးကို ဖြစ်စေပါတယ်၊
လောကသားအားလုံး၏ မှီခိုရာ၊ အားထားရာ၊ ဆောက်တည်ရာ၊ ဘေးရန်အန္တရာယ် ကာကွယ်ရာ
ရန်မာန်ဟူသမျှ ပြေငြိမ်းရာအတွက် အားကိုးပြုရသော လက်ကိုင်တရား ဖြစ်ပါတယ်။
{ တောင်တန်းသာသနာပြုဆရာတော် အရှင်ဦးဥတ္တမသာရ၏ မေတ္တာစွမ်းအား လက်တွေ့
အကျိုးများ မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment