Monday, March 2, 2015

ရုပ်ကို တရားရှုမြင်ပုံ။

       ရုပ်တရားအမှီပြုပြီးတော့ ငါဆိုတဲ့အတွေးတွေ ပေါ်တာဖြစ်သည့်အတွက်ကြောင့် အဲဒီ
ရုပ်တရားကို ပြန်ပြီးတော့ စစ်ဆေးရပါမယ်၊ လေ့လာရပါမယ်၊ ရှုမှတ်ရပါမယ်။ သူ့သဘာဝအ
တိုင်းမြင်အောင် ရှုရပါမယ်။ အဲဒီလိုမြင်တဲ့အခါမှ ငါဆိုတဲ့အတွေး ပျောက်နိုင်ပါမယ်။ အဲဒီ
ငါဆိုတဲ့အတွေးရဲ့ စွဲမှီရာဖြစ်တဲ့ ရုပ်တရားကို သေချာစေ့ငု ကြည့်လိုက်မယ်ဆိုရင် ငါဆိုတဲ့

အတွေးရဲ့ မှီရာဖြစ်တဲ့ ရုပ်တရားဟာ အမြဲတမ်း ဒီအတိုင်းရှိနေတဲ့ တရားလား ?၊ စာလို
ပြောမယ်ဆိုရင် နိစ္စလား အနိစ္စလား ?။ မြဲနေသလား ?၊ မမြဲဘူးလားလို့ ရှုမှတ်ရပါမယ်။
          မမြဲတာတော့ ထင်ရှားတာပဲ။ မမြဲဘူးဆိုတာ ခပ်ကြဲကြဲကြည့်လိုက်မယ်ဆိုရင်တော့
ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကနဲ့ အခု ဟာ မတူတော့တာ သေချာပါတယ်။ ကိုယ့်ကိုယ်ကို ပြန်ပြီး
ကြည့်မယ်ဆိုရင် တို့တစ်တွေဟာ မိခင်ဝမ်းက မွေးဖွါးလာခါစ ကလေးအရွယ်လေးပဲ ဖြစ်နေမှာ
ပါ။ အဲဒီလိုမဖြစ်ဘဲ ထာဝရရွေ့လျားနေတဲ့ အတွက် ပြောင်းလဲပျက်စီးနေတဲ့အရာသာ ဖြစ်တယ်
ဆိုတာ ထင်ရှားပါတယ်။
         ၁၀ နှစ်တစ်ခု၊ ၁၀ နှစ်တစ်ခု ကြည့်လိုက်မယ် ဆိုရင်လည်း ၁၀ နှစ်သားအရွယ်နဲ့ ၂၀
အရွယ်၊ ၂၀ အရွယ်နဲ့ ၃၀၊ ၃၀ နဲ့ ၄၀၊ ၄၀ ကနေ  ၅၀၊  မတူတဲ့အရွယ်တွေ ဖြစ်လာပါတယ်။
ရုပ်တရားတွေရဲ့ ဒီပြောင်းလဲမှုဟာ သိသိသာသာ ပြောင်းလဲမှုတွေကို တွေ့ရပါတယ်။ အေး-
မသိမသာ ပြောင်းနေတာကတော့ စက္ကန့်တိုင်း၊ စက္ကန့်တိုင်း မသိမသာ ပြောင်းနေတာပါ။
စဉ်ဆက်မပြတ် ပြောင်းနေတာပါ။ စဉ်ဆက်မပြတ် ပြောင်းနေလို့ ဒီအဆင့်ကို ရောက်လာတာ
ပါ၊ ဒါကြောင့် ရုပ်တရားတွေရဲ့ ပြောင်းလဲမှုဆိုတာ အခုမှ ၀ုန်းဒိုင်း ပြောင်းတာ မဟုတ်ဘဲ စက္ကန့်
မလပ်၊ မိနစ်မလပ် အမြဲတမ်း ရွေ့လျားပြီးတော့ ပြောင်းနေတာကို သိလာပါမယ်။
         ဥပမာ- မြစ်ထဲကရေတွေ ကြည့်လိုက်ရင်- ရပ်နေတဲ့အချိန်ဆိုတာ မရှိဘဲ အမြဲတမ်း
စီးနေပါတယ်၊ နောက်ထပ် တွေ့နေတာက ရေအသစ်၊ ခုနက မြင်လိုက်တဲ့ရေက မရှိတော့ပါ။
         တို့တတွေရဲ့ ရုပ်ခန္ဓာကိုယ်ကြီးကလည်း အမြဲတမ်း ပြောင်းလဲပြီးတော့နေတာပါ။ အဲဒီလို
ထာဝရ ပြောင်းလဲနေတဲ့ ရုပ်တရားကြီးဟာ ငါ့ဟာလို့၊ ငါ့ဥစ္စာလို့၊ ငါ့ရဲ့အတ္တလို့ ဒီလို စိတ်ထဲမှာ
မှတ်ယူထားဖို့ မသင့်တဲ့တရား ဖြစ်ပါတယ်။ အဲဒီလို သိလိုက်တာနဲ့၊ မှန်ကန်တဲ့ ဉာဏ်အမြင်နဲ့
ဆင်ခြင်စဉ်းစားလိုက်တာနဲ့ တစ်ပြိုင်နက် ရုပ်တရားပေါ်မှာ ငြီးငွေ့မှုဆိုတာ ဖြစ်ပေါ်လာပါတယ်။
ငြီးငွေ့တယ်ဆိုတာ သာယာမှုကို ရှာမတွေ့တာကိုခေါ်တာပါ။ ပျော်စရာတို့၊ နှစ်သက်စရာတို့၊
ကျေနပ်စရာတို့ဆိုတာ မရှိတော့ပါ။
         ဒါကြောင့် မိမိတို့လည်း ၀ိပဿနာတရား အားထုတ်လို့ရှိရင် ဒီရှုမှတ်ဖွယ်ရာ အာရုံတွေနဲ့ပဲ
တရားအားထုတ်ကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီး ရှင်အာနန္ဒ မထေရ်မြတ်ကဲ့သို့
တရားထူး တရားမြတ်ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန်သတည်း။
 { ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊
(၁၆)ရပ်ကွက်၊  ဓမ္မသဘင် အခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားအပ်
သော “အရှင်အာနန္ဒ ၏ ၀ိပဿနာ” တရားဒေသနာတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment