Saturday, April 18, 2015

ရင်လေးစရာကောင်းသည့် ဟန်ဆောင်မှုများ။ (နှစ်သစ်ကူးဓမ္မဒါန)

     သာသနာတော်မှာ ဘယ်သူက တရားရှိတယ်၊ ဘယ်သူက တရားမရှိဘူးဆိုတာ၊ တရားရှိ
မရှိ၊ ဒကာ၊ ဒကာမတွေက သိသလိုလိုနဲ့...အဲဒီ ဆရာတော်ကြီး တရားရှိတယ်ကွဲ့ ..လှုပ်ကိုမ
လှုပ်တော့ဘူး၊ အချိန်မရွေး သွားကြည့်သွားကြည့် ငြိမ်နေတာဘဲလို့.. ကိုယ့်အထင်နဲ့ ကိုယ်
လူတွေက ပြောနေကြတာ ရင်လေးစရာ ကောင်းပါတယ်။

      ဒကာတစ်ယောက် ရှိတယ်၊ သူ့ နာမည်က ဆရာဖြူတဲ့၊ သူပြောတာက................
ဆရာဖြူ   == ရွှေဥမင် ဆရာတော်ကြီးက တအား တရားရှိတာပဲ၊ အချိန်မရွေး ငြိမ်ငြိမ်သက်
                   သက်နဲ့ နေတာပဲ၊ သွားတာလာတာကအစ ငြိမ်နေတာပဲ။
ဆရာတော်== မဟုတ်ဘူး  ဆရာဖြူ၊ ဆရာတော်ကြီးက ပိန်တယ်၊ ပါးတယ် ခန္ဒာကိုယ် အချိုး
                 အစားအရ ဖြေးဖြေးချင်း လမ်းလျှောက်တာများတယ်၊ တခြားအကြောင်းတွေ
                 လဲရှိသေးတယ်။
ဆရာဖြူ  == မဟုတ်ဘူး ဘုရား၊ ဆရာတော်ကြီးက အချိန်မရွေး ငြိမ်နေတာပဲ၊ အမလေး သ
                တိကလဲ တအားကောင်းလိုက်တာ၊ သမာဓိက ကောင်းလိုက်တာ။
ဆရာတော်= ဆရာဖြူ တော်တော့။
ဆရာဖြူ == တကယ် ပြောတာပါ ဘုရား၊ အခြားဆရာတော်တွေနဲ့ မတူဘူး၊ ဆရာတော်ကြီး
                က သတိ၊ သမာဓိ အားကောင်းတယ်။
ဆရာတော်= ဆရာဖြူ တော်တော့။
ဆရာဖြူ == တကယ်မြင်လို့ ပြောတာပါ ဘုရား။
ဆရာတော်= ဆရာဖြူ တော်တော့။                 
                “တော်တော့လို့ အကြိမ်ကြိမ်တားတယ်၊ ဘယ်လိုမှ ပြောမရလို့ ပြောလိုက်တယ်။
ဆရာဖြူလို ပုဂ္ဂိုလ်က ရွှေဥမင် ဆရာတော်ဘုရားကြီး၏ သတိတွေ၊ သမာဓိတွေကိုမြင်ပါတယ်
ဆိုရင် ဆရာတော်ကြီးရဲ့ သတိ၊ သမာဓိဟာ ဆရာဖြူလောက် မကောင်းလို့ ပေါ့၊ သီလ၊ သမာ
ဓိ၊ ပညာဆိုတာက မြင့်တဲ့သူကသာ နိမ့်တဲ့သူကို မြင်လို့ ရတာ၊ နိမ့်တဲ့သူက မြင့်တဲ့သူကို မမြင်
ရဘူး၊ ဆရာတော် ဘုရားကြီးမှာ သီလ၊ သမာဓိ၊ ပညာတွေ မကောင်းလို့ ဆရာဖြူကို တား
တာလား၊ ဆရာဖြူ အပါယ်ကျမှာစိုးလို့ .... ဆရာဖြူ တော်တော့လို့  တားတာ။
      ဘယ်လောက်ထိ ဆိုးသွားကြသလဲဆိုရင် သာသနာတော်မှာ.. ဘယ်သူက ဘယ်လိုထွင်
လိုက်သလဲ မသိပါဘူး၊.. အဲဒီလိုနေမှ တရားရှိတယ်လို့  ကိုယ်မမြင်၊ ကိုယ်မသိဘဲနဲ့ ဒကာ၊ ဒ
ကာမတွေက တိုးတိုး၊ တိုးတိုးပြောတော့၊ ဟန်ဆောင်ချင်တဲ့ ဘုန်းကြီးက လူလာမှ ဟန်အမူ
အရာလေး ပေးပြင်လိုက်တယ်။.. ကြောက်စရာကောင်းတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုး ဘယ်တော့မှ
 တရားမရတော့ဘူး၊ ကြည်ညိုအောင် လိမ်ညှာလှည့်စားလိုက်တယ်လို့ ခေါ်တယ်။
      ဆရာတော် တစ်ပါးရှိတယ်၊ ပျံလွန်တော်မူသွားပြီ၊ ဒီကျောင်းကို ပထမဦးဆုံးရောက်တယ်
သိမ်သမုတ်တဲ့နေ့ ဆရာတော်ကြီးကို ပင့်လာတယ်၊ ဆရာတော်ကြီးက....................
ဆရာတော်ကြီး= ဦးဆေကိန္ဒ .. မင်း.. ကျောင်းတိုက်ကြီး ထောင်တာကတော့ ဟုတ်ပြီ၊   
                     ကျောင်းတိုက်ကြီးက ဘာလုပ်မှာလဲ ?။
ဆရာတော်=== တပည့်တော်တို့ တောင်စွန်း ဓမ္မဒူတ ဆရာတော်ကြီးလိုပဲ၊ ပါဘုရား။
ဆရာတော်ကြီး= တရားစခန်းလေး၊ ဘာလေးလုပ်မှာလား ?။
ဆရာတော်=== လုပ်မှာပါဘုရား။
ဆရာတော်ကြီး= ရိပ်သာရောလား ?။
ဆရာတော်=== ရိပ်သာက တဖြေးဖြေးပါ ဘုရား၊ ဟိုလိုရိပ်သာကြီးတော့ မလုပ်ချင်သေး
                   ပါဘူး ဘုရား။
ဆရာတော်ကြီး= မင်းမှာ ယောဂီ ဒကာ၊ ဒကာမတွေ ရှိမှာပေါ့ ?။
ဆရာတော်=== ရှိပါတယ် ဘုရား။
ဆရာတော်ကြီး= အေးကွာ... မင်း... အဲဒီလို ဆိုရင်တော့ကွာ..ကိုယ့်တပည့်မို့ ပြောရအုံးမယ်၊
                    ယောဂီတွေနဲ့  ဆက်ဆံရင်တော့ မင်း..နည်းနည်းပါးပါး ကြည့်ဆက်ဆံပေါ့။
ဆရာတော်=== အမိန့်ရှိပါ ဘုရား။
ဆရာတော်ကြီး= ကိုယ့်ဟာကိုယ် အခန်းထဲပဲ နေ နေပေမဲ့၊ ကိုယ်လုပ်ချင်တာတွေ လုပ်နေပေ
                    အုံးတော့ သူတို့လာတယ်လို့  ရိပ်ကလေး မြင်လိုက်တာနဲ့  မမြင်ချင်သလို
                   ဟန်ဆောင်ရတယ်၊ မျက်လွှာလေးချပြီးတော့ လမ်းလျှောက်တာကို ဖြေးဖြေး                             လျှောက်ရတယ်၊ သူတို့လာလို့ရှိရင် အသာလေး ခါးလေးဆန့်ပြီးတော့ သေ
                   သေချာချာ မျက်လွှာလေးချပြီး အဲဒီလိုထိုင်ပေး၊ သူတို့ကိုယ့်ရှေ့ရောက်လာ
                   ရင် ကြည့်ချင်ပေမဲ့ မကြည်နဲ့။
ဆရာတော်=== တပည့်တော် ၀ါသနာ မပါပါဘူး၊ မလုပ်တတ်ပါဘူး ဆရာတော်။
ဆရာတော်ကြီး= ဒါလေးလုပ်တာ ဘာခက်တုံး။
ဆရာတော်=== တပည့်တော် ၀ါသနာ့ကို မပါလို့ပါ ဘုရား။
      အဲဒီလိုသင်ပေးတာ၊ ကိုယ်ကလည်း ကိုယ့်ဆရာသမားက ကောင်းစားစေချင်လို့ သင်ပေး
တာ၊ ၀ါသနာကို မပါတာ၊ ပြောစရာရှိရင် ပြောထည့်မှာပဲ၊ ဒုတ်ထိုးအိုးပေါက် မဟုတ်ပေမဲ့၊ အိုး
ပေါက်အောင်တော့ ဒုတ်ထိုးမှာပဲ၊ ကဲ... တွက်ကြည့်ပေါ့ ကိုယ့်ဆရာသမားက ကောင်းစားစေ
ချင်လို့ပြောတယ်၊ ကိုယ်က ၀ါသနာမပါဘူး။ ကြောက်စရာကောင်းတယ်၊ ကိုယ့်အတွက် တရား
ထူး မရတော့သလို၊ ဘာမှမသိတဲ့ နလဘိန်းတုံး ဒကာ၊ ဒကာမတွေက အဲဒီလိုမျိုး ဆရာတော်မှ
ကြည်ညိုစရာ ကောင်းတယ် ဆိုပြီးတော့ ပုံအောလိုက်ကြတာ၊ အဲဒီမှာဘဲ အချိန်ကုန် အချိန်
ဖြုန်းရင်၊ သွားပြီ..၊ ကိုယ့်အတွက်လဲ အကျိုးမရှိဘူး၊ ဒကာ၊ ဒကာမလဲ အကျိုးမရှိဘူး၊ သာသနာ
အတွက်ပါ ပျက်ရာ ပျက်စီးကြောင်းတွေပါ၊ ရင်လေးစရာပါ၊ သီလ၊ သမာဓိ၊ ပညာ၊ အသိဉာဏ်
အကျင့်အမှန်ရှိတဲ့ ပုဂ္ဂိုလ်သည် ငြိမ်းအေးသည်၊ ငြိမ်းအေးတဲ့ ပုဂ္ဂိုလ်သည် ဟန်မဆောင်တော့။
ဟန်ဆောင်မှုကင်းလေလေ၊ ငြိမ်းအေးလေလေပဲ၊ နိဗ္ဗာန်ရောက်စေချင်လို့ ပြောပေးပါတယ်။
တရားရစေချင်လို့ ပြောပေးပါတယ်၊ ဟန်ဆောင်မှု ကင်းဝေးခြင်းဖြင့် တရားလမ်းကြောင်း
ပေါ် ရောက်ရှိနိုင်ကြပါစေသတည်း။ ။
{၁၃၆၉-ခုနှစ် သီတင်းကျွတ်လဆန်း (၁၀) ရက် မှော်ဘီ တရားစခန်း၌ ဓမ္မဒူတ ဒေါက်တာ
 အရှင်ဆေကိန္ဒ ဟောကြားတော်မူသော ငြိမ်းအေးလိုသူ တရားတော်မှ ကောက်နုတ်ရေးသား
  ပူဇော်ပါသည်။}
 (တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
   သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment