Saturday, April 18, 2015

ဗုဒ္ဓမြတ်စွာ၏ အနှစ်ထုတ်သြ၀ါဒအကျဉ်းချုပ်။ (နှစ်သစ်ကူးဓမ္မဒါန)

         ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များမှာ လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုး မုချ
ရစေနိုင်တဲ့ အဆုံးအမတွေပါ။ အခြေအနေ အမျိုးမျိုးမှာ ပုဂ္ဂိုလ်အမျိုးမျိုးရဲ့ စရိုက်အမျိုးမျိုးကို
ကြည့်ပြီး ဟောကြားဆုံမထားတဲ့ အဆုံးအမတွေဖြစ်လို့ အမျိုးအစားလည်း များပြားလှပါတယ်။
သို့သော်လည်း အဲဒီများပြားလှတဲ့ အဆုံးအမတွေအားလုံး ပါဝင်အောင် အနှစ်ထုတ် အကျဉ်း

ချုပ်ပြီးတော့လည်း ရံဖန်ရံခါ ဆုံးမတော်မူလေ့ ရှိပါတယ်။ အဲဒီအကျဉ်းချုပ် အဆုံးအမကတော့
***  ၁။ သဗ္ဗပါပဿ အကရဏံ  = မကောင်းမှု ဟူသမျှ မပြုလုပ်ခြင်း။
*** ၂။ ကုသလဿ  ဥပသမ္ပဒါ = ကောင်းမှု မှန်သမျှ ပြည့်စုံစေခြင်း။
***  ၃။ သစိတ္တပရိယောဒါပနံ    = မိမိစိတ်ကို ဖြူစင်အောင်ထားခြင်း တို့ ဖြစ်ပါတယ်။ ဒီအချက်
သုံးချက်ထဲမှာ မြတ်စွာဘုရားရဲ့ အဆုံးအမအားလုံး အကျုံးဝင်သွားပါတယ်။
         အဲဒီအချက် သုံးချက်ထဲက မကောင်းမှုဟူသမျှ မပြုလုပ်ခြင်းဆိုတဲ့ အချက်မှာ မကောင်း
မှုဆိုတာ တစ်စုံတစ်ယောက်ကို ထိပါးနစ်နာစေတဲ့အတွက် အပြစ်မကင်းတဲ့ အပြုအမူ အပြော
အဆို အကြံအတွေးတွေပါ။ အဲဒါတွေ မရှောင်ရင် မကောင်းကျိုးတွေရမှာ မုချမို့ အဲဒီမကောင်း
မှုတွေကို လုံးဝ ရှောင်ကြဉ်ရပါမယ်။
         ကောင်းမှုဆိုတာကတော့ ဘယ်သူ့ကိုမှ မထိပါး မနစ်နာစေတဲ့အတွက် အပြစ်ကင်းတဲ့
အပြုအမူ အပြောအဆို အကြံအတွေးတွေပါ။ အဲဒါတွေကို ပြုလုပ်ရင် ကောင်းကျိုးတွေ မုချ
ရမှာ ဖြစ်တဲ့အတွက် အဲဒီကောင်းမှုတွေကို ပြုလုပ်နိုင်သမျှ ပြုလုပ်ပါ။
         မိမိစိတ်ကို ဖြူစင်အောင်ထားခြင်း ဆိုတဲ့အချက်နဲ့ ပတ်သက်လို့ စိတ်ထဲမှာ လောဘ
ဒေါသ မောဟ မာန ဒိဋ္ဌိစတဲ့ အညစ်အကြေးတွေ ရှိနေရင် အလွန်ဆင်းရဲပါတယ်။ ဒါကြောင့်
အဲဒီ စိတ်အညစ်အကြေးတွေ နည်းနိုင်သမျှ နည်းပြီး ဖြစ်နိုင်ရင် လုံးဝမရှိဘဲ စိတ်ကလေး
ဖြူစင်ကြည်လင်နေအောင် ထားတတ်ဖို့လိုပါတယ်။
         ဒါကြောင့် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း မြတ်စွာဘုရားရဲ့ အဆုံးအမကို လိုက်နာ
ကျင့်ကြံနိုင်ကြကာ ဘ၀မြင့်သထက်မြင့်ပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေကုန်သတည်း။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ဒီဘ၀ ဒီမျှသာနှင့် ၀ိပဿနာ မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment