Thursday, May 28, 2015

ဘုရားဂုဏ်တော်ပွားများခြင်းအကျိုး။

  ၁။ ရာဂ၊ ဒေါသ၊ မောဟစသည့် ကိလေသာများ မနှောက်ယှက်ခြင်း။
   ၂။ စိတ်အစဉ်ဖြောင့်မတ်၍ ကုသိုလ်တိုးပွားခြင်း။
   ၃။ မြတ်စွာဘုရားအား ရိုသေ၍ သတိကောင်းလာခြင်း။
   ၄။ မြတ်စွာဘုရား၌ သက်ဝင်ယုံကြည်မှု သဒ္ဒါတိုးတက်လာခြင်း။

   ၅။ နှစ်သက်ခြင်းပီတိနှင့် ရွှင်လန်းခြင်းပါမောဇ္ဇတို့ အဖြစ်များခြင်း။
   ၆။ ဘေးရန်အမျိုးမျိုးကို သည်းခံနိုင်လာခြင်း။
   ၇။ ဘုရားနှင့် အတူတကွနေသော အမှတ်သညာရခြင်း။
   ၈။ မကောင်းမှုပြုလုပ်ရန် ရှက်ကြောက်မှု (ဟိရိ၊ သြတ္တပ္ပ ) ဖြစ်ခြင်း။
   ၉။ မြတ်စွာဘုရား၌ စိတ်ညွှတ်ခြင်း။
  ၁၀။ မဂ်ဖိုလ် မရသေးလျှင် အပါယ်မလားဘဲ သုဂတိဘုံသို့ လားရခြင်း။ (၀ိသုဒ္ဓိမဂ်၊ ပ၊ ၂၀၆ )
         ဘုရားဂုဏ်တော်ကို ရွတ်ဖတ်ပွားများခြင်းဖြစ်စေ၊ ပုတီးစိတ်ပွားများခြင်းဖြစ်စေ၊ အချိန်
ရသလောက် ပွားများနေလျှင် အထက်ပါအကျိုးကျေးဇူးများ ရရှိပါမည်။ ။
 { မြင့်ရွှေ(ပေါင်းတည်) ၏ ၀ိပဿနာ၊ လာဘ်ပေးလာဘ်ယူနှင့် နည်းမှန်သပိတ်သွပ်နည်းမှ
         ကူးယူရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment