*သဒ္ဓါလွန်ကဲ ပညာနည်း
တလွဲယုံတတ်သည်။
*ပညာလွန်ကဲ သဒ္ဓါနည်း
စဉ်းလဲကောက်ကျစ်သည်။
*သတိတရား ထိုနှစ်ပါး
စွမ်းအားညှိပေးသည်။
*လုံ့လလွန်ကဲ အငြိမ်နည်း
မစွဲပျံ့လွင့်သည်။
*အငြိမ်လွန်ကဲ လုံ့လနည်း
ဖင့်နွှဲနှေးကွေးသည်။
*သတိတရား ထိုနှစ်ပါး
စွမ်းအား ညှိပေးသည်။
*စွမ်းအားညီမှ ကောင်းကျိုးရ
မုချချမ်းသာမည်။
(မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး)
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment