ချစ်ခြင်းကြောင့် ချစ်ခြင်းသည် ဖြစ်၏။
ချစ်ခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏။
မုန်းခြင်းကြောင့် ချစ်ခြင်းသည်ဖြစ်၏။
မုန်းခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏။
(အဂုင်္တ္တရနိကယ်၊ စတုက္ကနိပါတ် ၊ပေမသုတ်)
တစ်ဦးနှင့်တစ်ဦး ချစ်ကြရာ၌ ချစ်တက်လျှင်ကားဆေးဖြစ်၍ မချစ်တက်လျှင်ကားဘေး ဖြစ်သွားတက်၏။
မိမိချစ်ခင်နှစ်သက်သူ အပေါ်၌ နားလည်းမှု၊ သည်းခံခွင့်လွတ်နိုင်မှု၊
ပေးဆပ်မှုတို့ ဖြင့် ချစ်နိုင်လျှင် မေတ္တာသဘော သက်ရောက်သကဲ့သို့ 
ဆေးမည်ခြင်းတစ်ပါးလည်း ဖြစ်ပေ၏။
မိမိချစ်ခင်နှစ်သက်သူအား တစ်ပါးသူတို့ မှ ဂုဏ်မြှင့်၍
ချီးကျူးစကားပြောဆိုခြင်း၊ နှစ်သက် မြတ်နိုးကြောင်းစကားဖြင့်
ပြောဆိုခြင်းကြောင့် ထိုသူအပေါ်၌ ဝမ်းမြောက်ခြင်းမုဒိတာဖြင့် ပို၍ ချစ်ခင်လာခြင်းသည် ဖြစ်လာရ၏။ ဤသည်ကို ချစ်ခြင်းကြောင့် ချစ်ခြင်းသည်ဖြစ်ပေါ်သည်မည်၏။
မိမိလိုလားနှစ်သက်၍ ချစ်ခင်မြတ်နိုးသေသာသူအား တစ်ပါးသူတို့ မှ
ကဲရဲ့ရှုတ်ချခြင်းစကားတို့ ဖြင့်ပြောဆိုသောအခါ မိမိကိုကုန်းချောစကားပြော
ဆိုသောအခါတို့ ၌ မိမိကို အမှန်ယုံမှတ်၍ ထိုသူအပေါ်၌
တဖြည်းဖြည်းအချစ်လျော့လာတက်ပေ၏။ ချစ်လွန်အားကြီး၍ အမြဲတမ်းစိုးရိမ်မှုရှိခြင်း ငုံထားမတက်ချစ်ပါသည်ဆို ၍အမြဲတမ်းဝန်တိုနေခြင်းတို့ ကြောင့်အချစ်ကြီး၍ အမျက်ကြီးရ၏။ ဤသိုလျှင် ချစ်ခြင်းကြောင့် မုန်းခြင်း ဖြစ်ရ၏။
မိမိမလိုလားနှစ်သက်သူသည် မိမိအပေါ်၌ လောကဝတ်ဖြင့် ပျူငှာခြင်း အရာရာ၌ လည်းသည်းခံခွင်လွတ် နားလည်းပေးခြင်းတို့ကြောင့်
ထိုသူ၏မေတ္တာတရားသည် မိမိအပေါ်၌ စူးရှလာပြီး အမုန်းတရားကို လျော့နည်းလာကာ
ချစ်ခင်မြတ်နိုးလာရပေ၏။ ထိုအခါ မုန်းခြင်းမှ ချစ်ခြင်းသည်ဖြစ်ပေါ်လာရပေ၏။
မိမိမုန်းသောသူသည် မိမိအပေါ်၌ အဘယ်မျပင် လောကဝတ်ပျူငှာလွန်းနေသည်ဖြစ်စေ
ထိုသူအပေါ်၌ အကောင်းမထင်တော့။ ထိုသူပြုသမျှ မိမိစိတ်ထဲ၌ ကန့် လန့် ကန့် လန်
့သာမြင်နေတက်၏။ အမုန်းပေါ်၌ အမုန်းမာန်သာ ဆင့်ပွားနေမည်သာ။ တစ်ပါးသူတို
့မှာလည်း မိမိမုန်းသောသူ၏ ချီးမွှမ်းဂုဏ်တင်ခန်းတို ကို ဖွင်ဆို နေလျှင်ပင်
မရှုစိမ့်နိုင်တော့ပေ။ ထိုချီးမွှမ်းသူတို့ ကိုပင် ရောပြွမ်း၍
အမုန်းပွားမိတက်လေ၏။ ဤသည်ပင် မုန်းခြင်းကြောင့်မုန်းခြင်းသာဖြစ်ပေါ်ရသည်မည်၏။
(အရှင်သုမနသာရ - ဖြူး)
No comments:
Post a Comment