Saturday, August 1, 2015

သင်္ချိုင်းနှင့် တူသော ပုဂ္ဂိုလ် အပြစ် ၅-မျိုး

ရဟန်းတို့ ! သင်္ချိုင်း အပြစ် ၅-မျိုးဟူသည်မှာ -
  • ၁။ မစင်ကြယ်။
  • ၂။ မကောင်းသော အနံ့ရှိသည်။
  • ၃။ ဘေးဘျမ်း ရှိသည်။
  • ၄။ သရဲ သဘက်တို့ နေရာဖြစ်သည်။
  • ၅။ လူပေါင်းများစွာ၏ ငိုကြွေးရာဖြစ်သည်။

ဤအတူသာလျှင် - သင်္ချိုင်းနှင့် တူသော ပုဂ္ဂိုလ် အပြစ် ၅-မျိုးဟူသည်မှာ -

သင်္ချိုင်နှင့် တူသော ပုဂ္ဂိုလ်အတွက်
၁။ မစင်ကြယ် ဟူသည်မှာ -
  • ကာယကံ, ၀စီကံ, မနောကံ မစင်ကြယ်ခြင်းပင်တည်း။
၂။ မကောင်းသော အနံ့ရှိသည် ဟူသည်မှာ -
  • သူ၏ မကောင်းသတင်း ထွက်ခြင်းပင်တည်း။
၃။ ဘေးဘျမ်းရှိသည် ဟူသည်မှာ -
  • သီလကို ချစ်ခင် မြတ်နိုးကြသည့် သီတင်သုံးဖော်တို့က ဝေးစွာ   ရှောင်ကြဉ်ခြင်းပင်တည်း။
၎။ သရဲ သဘက်တို့ နေရာဖြစ်သည် ဟူသည်မှာ -
  • ကာယ, ၀စီ, မနောကံ မစင်ကြယ်သူ၏ သဘောတူ ပုဂ္ဂိုလ်တို့နှင့် အတူ နေခြင်းပင်တည်း။
၅။ လူပေါင်းများစွာ၏ ငိုကြွေးရာဖြစ်သည် ဟူသည်မှာ -
  • “ငါတို့ သူနှင့် အတူ နေရခြင်းသည် စိတ်ဆင်းရဲဖို့ ကောင်းသည်” ဟု သီလချစ်မြတ်နိုးသူတို့က ထိုမစင်ကြယ်သူကို ရူတ်ချခြင်း ပင်တည်း။
 
ဆောင် - မစင်ကြယ်တောင်း၊ မကောင်းနံ့ထွက်၊ သဘက်နေရာ၊ ဘေးများစွာရှိ၊ ငိုသည့် နေရာ၊ ဤငါးဖြာ မှန်စွာ သင်္ချိုင်းအပြစ်များ။
( သိဝထိကသုတ် )

No comments:

Post a Comment