*** တစ်နေ့ထက်တစ်နေ့၊
*** တစ်ရွေ့ရွေ့ယွင်းယို၊
*** နောက်ပြန်လို့ မပျိုတယ်
*** ရှေ့ကိုသာအိုမြဲ သေဖို့သာပြင်ဆင်ပေး......
တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ အမှန်တကယ် ကြုံတွေ့ဆုံဆည်းရမည့်
သေခြင်းနှင့် ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့ရမှာကိုလည်း အပ္ပမာဒ တရားလက်ကိုင်ထားပြီး
စဉ်းစားသင့်ပါတယ်။
သေခြင်း၏ သဘောသဘာဝ၊ မိမိရရှိထားတဲ့ ခန္ဓာရဲ့ သဘောသဘာဝ၊ လောကကြီး၏
နိယာမ ထုံးတမ်းစဉ်လာ ဓမ္မတာအတိုင်း ဖြစ်တတ်ပျက်တတ်တဲ့ သဘောသဘာဝကို ကျကျ
နန ဆင်ခြင်သုံးသပ်နိုင်ခြင်းကြောင့် အသိမှန်အမြင်မှန် ရရှိနိုင်လာပါလိမ့်မယ်။ ထိုမှန်ကန်တဲ့
အသိဖြင့် ဖြစ်ပေါ်လာမည့် မလွှဲမသွေ ကြုံလာဆုံလာရမည့်သေခြင်းကို သတိရှိရှိ ရဲရဲဝံ့ဝံ့
မကြောက်မရွံ့ ရင်ဆိုင်နေနိုင်ဖို့အတွက် တရားဓမ္မကို လက်ကိုင်ထားကာ လူမှာရှိသင့်ရှိထိုက်
တဲ့ ကိုယ်ကျင့်သီလသိက္ခာကို ကျင့်သုံး၍ လူနဲ့တူအောင် ကောင်းကောင်းမွန်မွန် နေထိုင်ခြင်း
ဖြင့် “သေခြင်း”ကိုထိပ်တိုက်ရင်ဆိုင်ရပါမယ်။ ။
{ အသောကသီတဂူကျောင်းတိုက် ပဓာန နာယကဆရာတော် အရှင်ဏ္ဍိတ(ဒီဃနိကာယ
ကောဝိဒ) ရေးသားပြုစုသော “သေရမှာ ကြောက်စရာလား” မှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment