••• ► “လောဘ၏ဆိုးကျိုးများ”
တစ်စုံတစ်ခုကိုလိုချင်တပ်မက်သောစိတ်ဖြင့် သေလျှင် ပြိတ္တာဘုံရောက်သည်။
••• ► “ဒေါသ၏ဆိုးကျိုးများ”
တစ်စုံတစ်ယောက်ကို အမျက်ထွက်သော စိတ်ဖြင့် သေခဲ့လျှင် ငရဲဘုံသို့ ရောက်ရသည်။
••• ► “မောဟ၏ဆိုးကျိုးများ”
တွေဝေမိုက်မဲသော မောဟစိတ်ဖြင့်သေခဲ့လျှင် တိရစ္ဆာန်ဘုံသို့ရောက်သည်။
••• ► “သီလဖြင့်သေခြင်း”
သီလစင်ကြယ်သူအားစိတ်စင်ကြယ်ခြင်းကြောင့်လိုရာဆန္ဒ ပြည့်ဝကြပြီး သေခဲ့လျှင်သော် နတ်ပြည်ရောက်သည်။
••• ► “ဘာဝနာဖြင့်သေခြင်း”
ဘာဝနာဖြင့် အသေမြတ်ချင်သူများသည် မိမိအားသန်ရာ သမထကမ္မဋ္ဌာန်း တစ်ခုခုကို၎င်း၊
ဝိပဿနာကမ္မဋ္ဌာန်းကို၎င်း အချိန်ရနိုင်သလောက် ပွားများထားကြရမည်။
ဘယ်ဘာသာဝင်မဆို သေခါနီးအချိန်တွင်
တခြားအာရုံကို စိတ်အရောက်မခံပဲ
မိမိပွားများနေကျ အာရုံ(ဘာဝနာ/ဂါထာ)ကို
ပွားများနေလိုက်ရုံသာရှိပါသည်။
အမြဲပွားများသော ဘာဝနာကိုမဆိုထားဘိ
သေခါနီး တခဏမျှ ပွားများရသော
ဘာဝနာကြောင့် ဗြဟ္မပြည်ရောက်ရသော
သာဓကများစွာရှိသည်။
••• ► '‘သေခြင်း(၄)မျိုး’'
၁။ သက်တမ်းကုန်လို့လည်း သေနိုင်တယ်။
၂။ ကုသိုလ်ကံ ကုန်လို့လည်း သေနိုင်တယ်။
၃။ အသက်ကံနှစ်ပါလုံး ကုန်လို့လည်း သေနိုင်တယ်။
၎။ သူတစ်ပါးက သတ်ဖြတ်လို့လည်း သေနိုင်တယ်။
“ငါ့အားသေရခြင်း သဘောသည် အမြဲရှိ၏
ငါ့အား အသက်ရှင်၍နေရခြင်း သဘောသည် အမြဲမရှိ”
••• ► '‘ပုထုဇဉ်တို့ မသိနိုင်သောအရာငါးမျိုး’'
၁။ ဘယ်အသက်အရွယ်မှာ သေမည်ဟုမသိနိုင်၊
၂။ ဘယ်အနာရောဂါနှင့် သေမည်ဟုမသိနိုင်၊
၃။ နံနက်၊ နေလည်၊ ည ဘယ်ကာလမှာသေမည်ဟု မသိနိုင်၊
၎။ ဘယ်င်္သချိုင်းမှာ ချမည်ဟုမသိနိုင်၊
၅။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူ၊ နတ်၊ ဘယ်ဘုံရောက်မည်ဟု
မသိနိုင်ခြင်းတို့ ဖြစ်သည်။
••• ► '‘နေ့စဉ်ပွားပါ ဤငါးဖြာ’'
၁။ ငါသည် အိုခြင်းသဘော ရှိသည်ဖြစ်၏။
အိုခြင်း သဘောတရားကို မလွန်ဆန်နိုင်။
၂။ ငါသည် နာခြင်းသဘော ရှိသည်ဖြစ်၏။
နာခြင်း သဘောတရားကို မလွန်ဆန်နိုင်။
၃။ ငါသည် သေခြင်းသဘော ရှိသည်ဖြစ်၏။
သေခြင်း သဘောတရားကို မလွန်ဆန်နိုင်။
၎။ ငါ့အား ခပ်သိမ်းသော နှလုံးကို ပွားစေတတ်သော
အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့နှင့်
အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲကွဲရခြင်းသည်၎င်း၊
ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲကွဲရခြင်းသည်၎င်း ဖြစ်တတ်ချေ၏။
၅။ ငါသည် ကံသာလျှင် မိမိဥစ္စာရှိသည်၊
ကံသာလျှင် အကြောင်းရင်းရှိသည်၊ ကံသာလျှင် အမွေခံရှိသည်။
ကံသာလျှင် အဆွေအမျိုးရှိသည်၊ ကံသာလျှင် ကိုးကွယ်လဲလျောင်းရာရှိသည် ဖြစ်၏။
ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။
ထိုပြုသော ကောင်းမှု မကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။
(ကံ = အလုပ် = စေတနာ)
စေတနာကောင်းလျှင် ကံကောင်းမည်သာဖြစ်၏။
ငါ့စေတနာအတိုင်း ငါ့ကိုအကျိုးပေးမည်မှာ မုချဧကန်ဖြစ်ချေ၏။
(မရဏာနုဿတိ)
နှလုံးသားအာဟာရ
ဖေ့ဘုတ်မှတဆင့်
No comments:
Post a Comment