ကူးတို့ခထည့်သည့် ဓလေ့ထုံးစံသည် မှားယွင်းသော ယုံကြည်မှုဖြစ်ပါသည်။ လူသေ
သောအခါ သေသူ၏ခန္ဓာကိုယ်က ၀ိဉာဉ်လိပ်ပြာထွက်သွားပြီး၊ ထိုဝိဉာဉ်လိပ်ပြာကလေးသည်
“ငွေတစ်မတ်/ကူးတို့ခ”ပါမှ နောက်ဘ၀သို့ ကူးပြောင်းနိုင်သည်ဟူသော ယုံကြည်ချက်သည်
ထေရ၀ါဒဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်ဖီလာဖြစ်၏။ ထေရ၀ါဒအလိုအရ သေသူ၏ ခန္ဓာကိုယ်မှ
ထွက်သွားသော ၀ိဉာဉ်လိပ်ပြာဟူ၍ မရှိပါ။ စုတိစိတ်နောက် ပဋိသန္ဓေစိတ် တဆက်တည်း
ဖြစ်ပါသည်။ ဘ၀ကပြုခဲ့သော ကုသိုလ်ကံ၊ အကုသိုလ်ကံများနှင့် အားလျော်စွာ ဘ၀သစ်
တဖန်ဖြစ်ခြင်း ဖြစ်ပါသည်။ သေသူ၏ ကံစွမ်းသတ္တိအရ နတ်ပြည်၊ ဗြဟ္မာပြည်၊ လူ့ပြည်၊
ငရဲပြည်၊ တိရိစ္ဆာန်ဘုံ၊ ပြိတ္တာဘုံသို့ အစရှိသည့်ဘုံဘ၀ တစ်ခုခုသို့ ရောက်ပါမည်။ မည်သည့်
ဘုံသို့ဖြစ်စေ ကူးတို့ခဟူ၍ မလိုပါ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ကောတုဟလမင်္ဂလာနှင့် မိုးခါးရေမသောက်နဲ့မှ ကူးယူ၍
ဆီလျော်အောင်ရေးသား ပူဇော်ပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment