Thursday, November 12, 2015

ဓမ္မနဒီ စီးဆင်းခဲ့သည်မှာ (၂ နှစ် ၆ လ) ပြည့်မြောက်


(၁၂.၁၁.၂၀၁၅) ယနေ့ ဓမ္မနဒီ စီးဆင်းခဲ့သည်မှာ (၂ နှစ် ၆ လ) ပြည့်မြောက်ခဲ့ပါပြီ...။
ဓမ္မနဒီ Likes 45729 ရှိပါပြီ။
စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေနဲ့ မအားလပ်တဲ့ကြားက ရသလောက် အချိန်ကလေးကို
ဝင်ရောက်၊ လေ့လာ၊ ရေးသား၊ ဖတ်ရှု၊ ဓမ္မဒါနအဖြစ် ဓမ္မစာပေ၊ ဘုရားပုံတော်၊ ဆုတောင်း၊
သံဝေဂကဗျာများကို ကိုယ်တိုင်ရေးသော်၎င်း တဆင့်မျှဝေပေးသော်၎င်း ဓမ္မပိုစ့်တွေ နေ့တိုင်းတင်ပေး အားပေးမှုများကို အထူးကျေးဇူးတင်ပါတယ်။
 အခုလို သာသနာတော်ကြီး ထွန်းကားနေချိန်မှာ ဘဝရဲ့အနှစ်သာရကို
ရှာဖွေတွေ့ရှိပြီး မိမိကိုယ်ကို ချမ်းသာအောင်ရွက်ဆောင်နိုင်ကြသူများဖြစ်ကြပါစေ။ 
ဓမ္မစကား နေ့တိုင်းကြားသိခွင့်ရတဲ့ အခါသမယမှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပြီး
ဘေးရန်အပေါင်း ကင်းရှင်းကြကာ
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ၊
စိတ်သွားတိုင်းကိုယ်ပါ၍ ကျန်းမာချမ်းသာပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ၊
သီလမပျက် ကြီးပွားတိုးတက်စေတဲ့အလုပ်ကို ဆောင်ရွက်နိုင်ကြပါစေ၊
မိမိတို့ခန္ဓာဝန်ကို ချမ်းသာစွာဖြင့် ရွက်ဆောင်နိုင်ကြပါစေ၊
မဟာသတိပဌာန်ဝိပဿနာတရားများကို ဆရာသမားကောင်းများထံမှ
နာယူမှတ်သား ကျင့်ကြံပွားများ အားထုတ်နိုင်ပြီး
မဂ်ဉာဏ်၊ ဖိုဉာဏ်များ လျှင်မြန်စွာ ရရှိကြပါစေလို့ မေတ္တာပို့သလိုက်ပါတယ်။

No comments:

Post a Comment