သင်္ခါရဆိုတာ ကြံတွေးမှုတို့၊ ကြိုးပမ်းအားထုတ်မှုတို့၊ စေ့ဆော်မှုတို့၊ အသိဉာဏ်တို့၊
စိတ်ရဲ့ အခြေအနေတွေ အဲဒီ သင်္ခါရတရားတွေ အပေါ်မှာလည်းပဲ မိမိရဲ့စိတ်ထဲမှာ ဖြစ်ပေါ်
လာတာတွေ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာသမျှ အရာတွေဟာလည်းပဲ တစ်ခုမှ မြဲနေတာမရှိသည့်
အတွက်ကြောင့် အားလုံးဟာ အနိစ္စတွေချည်းပါပဲ။ အဲဒီ အနိစ္စ၊ မမြဲတဲ့အရာ မှန်သမျှဟာ ဒုက္ခ
ပါပဲ။ ဒုက္ခဖြစ်တဲ့အရာ မှန်သမျှဟာ အတ္တမဟုတ်ပါ။ ဒါကြောင့်မို့ ငါ, ငါ့ဥစ္စာလို့ မရှုသင့်တဲ့
တရားတွေ ဖြစ်ပါတယ်။ အဲဒီတော့ မမြဲတဲ့အရာကို ငါ့ဟာ မဟုတ်ပါ၊ ငါမဟုတ်ပါ ဆိုတဲ့ မှန်
ကန်တဲ့ အသိဉာဏ်နဲ့သာ ရှုမှတ်ရပါမယ်လို့ ဒီလို ရှင်ပုဏ္ဏ က အသေးစိတ် ရှင်းပြပါတယ်။
ဒါကြောင့် မိမိတို့လည်း ၀ိပဿနာတရား အားထုတ်လို့ရှိရင် ဒီရှုမှတ်ဖွယ်ရာ အာရုံတွေနဲ့ပဲ
တရားအားထုတ်ကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီး ရှင်အာနန္ဒ မထေရ်မြတ်ကဲ့သို့
တရားထူး တရားမြတ်ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန်သတည်း။
{ ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊
(၁၆)ရပ်ကွက်၊ ဓမ္မသဘင် အခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားအပ်
သော “အရှင်အာနန္ဒ ၏ ၀ိပဿနာ” တရားဒေသနာတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
https://www.facebook.com/thein.wai.167
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment