သုစရိုက် ၁၀ ပါးမှာ ==
၁။ ပါဏာတိပါတာ ဝေရမဏိ = သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂။ အဒိန္နာဒါနာ ဝေရမဏိ = သူ့ဥစ္စာကို ခိုးခြင်းမှ ရှောင်ကြဉ်ခြင်း။
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ = သူ့အိမ်ယာ ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၎။ မုသာဝါဒါ ဝေရမဏိ = မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။
၅။ ပိသုဏ၀ါစာ ဝေရမဏိ = ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၆။ ဖရုသ၀ါစာ ဝေရမဏိ = ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။
၇။ သမ္ဖပ္ပလာပ၀ါစာ ဝေရမဏိ = ပိန်ဖျင်းသောစကားကိုပြောခြင်းမှ ရှောင်ကြဉ်ခြင်း။
၈။ နအဘိဇ္ဈာ = သူ့စည်းစိမ်ကို ရှေးရှု ကြံခြင်းမှ ရှောင်ကြဉ်ခြင်း။
၉။ အဗျာပါဒ = သူတပါးကို ပျက်စီးစေလိုသောစိတ် မရှိခြင်း။
၁၀။ သမ္မာဒိဌိ = မှန်ကန်သောအယူကို ယူခြင်းတို့ ဖြစ်ကြပါတယ်။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
https://www.facebook.com/thein.wai.167
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment