Sunday, December 27, 2015

ရှင်ပုဏ္ဏဟောကြားသော ၀ိညာဏ်ကိုရှုမြင်ပုံတရားတော်။

       အသိစိတ် လို့ဆိုတဲ့ ၀ိညာဏ် လေးဟာလဲပဲ စဉ်ဆက်မပြတ် တစ်စိတ်ပြီး တစ်စိတ်၊
တစ်စိတ်ပြီးတစ်စိတ် အင်မတန်မှ လျှင်မြန်တဲ့   နှုန်းထားနဲ့ ပြောင်းရွေ့ပျက်စီးပြီးတော့နေ
ပါတယ်။ အဲဒီလို လျှင်မြန် တဲ့အဟုန်နဲ့ ဖြစ်ပြီး ပျက်နေတဲ့ အသိစိတ်ကလေးကိုလည်းပဲ မြဲ
တာမဟုတ်သည့်အတွက်ကြောင့် အနိစ္စ။ မမြဲသည့်အတွက်ကြောင့် ဒုက္ခ။ ပြောင်းလဲတတ်သည့်

သဘော ရှိသည့်အတွက်ကြောင့် ငါ့ဟာလို့ မရှုသင့်ပါ- တဲ့။ ဒါကြောင့်မို့ အသိစိတ်ဆိုတဲ့
ဝိညာဏ် ကိုလည်းပဲ ငါမဟုတ်ပါ၊ ငါ့ဟာ မဟုတ်ပါဆိုတဲ့ မှန်ကန်တဲ့ အသိဉာဏ်နဲ့ ရှုမြင်ရ
မယ်လို့ အရှင်ပုဏ္ဏက ရှင်းပြပါတယ်။
       ဒါကြောင့် မိမိတို့လည်း ၀ိပဿနာတရား အားထုတ်လို့ရှိရင် ဒီရှုမှတ်ဖွယ်ရာ အာရုံတွေနဲ့ပဲ
တရားအားထုတ်ကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီး ရှင်အာနန္ဒ မထေရ်မြတ်ကဲ့သို့
တရားထူး တရားမြတ်ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန်သတည်း။
 { ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊
(၁၆)ရပ်ကွက်၊  ဓမ္မသဘင် အခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားအပ်
သော “အရှင်အာနန္ဒ ၏ ၀ိပဿနာ” တရားဒေသနာတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

       ဦးသိန်းဝေ။
            https://www.facebook.com/thein.wai.167
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment