မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင်အချို့သည် ရှင်သီဝလိဂါထာတော်၊ စိန္တာမဏိဂါထာတော်များ
ကို ရွတ်ဖတ်ပူဇော်တတ်ကြပါသည်။ ရှင်သီဝလိမထေရ်မြတ်ကြီးသည် လာဘ်အရာ၌ အသာဆုံး
အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူး ချီးမြင့်ခံယူရရှိတော်မူသော ထေရ၀ါဒပိဋကတ်တော်လာ ရဟန္တာအရှင်
မြတ်ကြီး ဖြစ်ပါသည်။ အရှင်မြတ်ကြီးသည် ၀ိပဿီမြတ်စွာဘုရားရှင် လက်ထက်တော်ကတည်းက
ဘုရားရှင်နှင့် သံဃာတော်များကို အလှူကြီးပေး၍ လာဘ်လာဘပေါများသော အရာတွင် အသာ
ဆုံး၊ အမြတ်ဆုံးဧတဒဂ်ဘွဲ့ကို ရရှိနိုင်ပါစေကြောင်း ဆုတောင်းခဲ့ပါသည်။
ထို့နောက် ဘ၀ပေါင်းများစွာ ပါရမီကို ဖြည့်ဆည်းတော်မူခဲ့ပါသောကြောင့် ဧတဒဂ်ရဟန္တာ
အရှင်မြတ်ကြီး ဖြစ်တော်မူပါ၏။ ရှင်သီဝလိ အရှင်တော်မြတ်ကြီး၏ ပါရမီတော်ကား ထူးကဲလွန်းလှ
ပါ၏။ ဆန်းကြည်လွန်းလှပါ၏။ ဘုရားရှင်ကိုယ်တော်တိုင်က သီဝလိ သတိုးသားငယ်အား ရှင်သာ
မဏေအဖြစ် သွတ်သွင်းချီးမြှင့်ရာတွင် တစပဉ္စက ကမ္မဌာန်းစီးဖြန်းစေပြီး ဆံချပေး၏။ ယင်းသို့ဆံ
ချပေးရာ ခေါင်းမှဆံပင် လေးပုံတစ်ပုံလောက် ကုန်သောအခါ သောတာပတ္တိမဂ်ကိုရသည်။ တစ်
ဝက်ကျန်သောအခါ သကဒါဂါမိမဂ်ရသည်။ ဆံချပြီးစီးသောအခါ အရဟတ္တမဂ်ကိုရပြီး ရဟန္တာ ဖြစ်
သွားပါသည်။
ရှင်သီဝလိအရှင်မြတ်ကြီး၏ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်သူများသည် အရှင်မြတ်ကြီး၏
အံ့သြစရာကောင်းသော တရားထူးရပုံကို သိရှိကြည်ညို နှလုံးသွင်းတတ်ဖို့ လိုပါသည်။ အရှင်မြတ်
ကြီး၏ ဘ၀ပေါင်းများစွာ ပြုခဲ့သော ကုသိုလ်ကောင်းမှုကို အာရုံသက်ဝင် ကြည်ညိုတတ်ဖို့ လိုပါ
သည်။ လာဘ်လာဘအရာ၌ အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဆုရတော်မူသော ရှင်သီဝလိ ရဟန္တာ
အရှင်မြတ်ကြီး၏ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်သောကြောင့် မိမိတို့လည်း လာဘ်လာဘတွေ
ပေါပေါများများ ရလာလိမ့်မယ်ဟူသော လောဘအရင်းခံလျက်မူ မပူဇော်သင့်ပါ။ ရှင်သီဝလိ ရ
ဟန္တာမထေရ်မြတ်ကြီး၏ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်မည်ဆိုလျှင် အမျှော်ကင်းစင်သင့်ပါသည်။
ပကတိ ရိုးသားသန့်စင်သော ကြည်ညိုစိတ် အရင်းခံထားအပ်ပါသည်။ ရဟန္တာဟူသည် ရတနာ
သုံးပါးတွင် တစ်ပါး အပါအ၀င်ဖြစ်ပါသည်။ အကိုးကွယ်ခံ အပူဇော် ခံ ရတနာတစ်ပါး ဖြစ်ပါ၏။
ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ရာတွင် လေးမြတ်စွာ ပူဇော်တတ်ဖို့ လိုပါသည်။
{မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏ သြ၀ါဒတော်များကို ကိုးကားရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
https://www.facebook.com/thein.wai.167
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment