အမှတ်တမဲ့ မနေရဘူးတဲ့။ အပ္ပမာဒ ဆိုတဲ့ သတိတရားနဲ့ ထာဝရသတိရှိနေမယ်၊ သတိကပ်
နေမယ်ဆိုလို့ရှိရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ၀ိပဿနာအာရုံတွေက ပေါ်နေတာတဲ့။ မပေါ်တာက
အသိဉာဏ်နဲ့ သတိမပေါ်တာ၊ ဟုတ်ကဲ့လား။ အဲဒီ သတိနဲ့ ဉာဏ် မပေါ်တာကိုပေါ်အောင် ကြိုးစား
အားထုတ်နေခြင်း သည်ပင်လျှင် တရားအားထုတ်တယ် လို့ ပြောတာ။
အဲဒီတော့ တရားအားထုတ်တယ်ဆိုတာ *#ငုတ်တုတ်ကြီးထိုင်နေမှ တရားအားထုတ်တာ
မဟုတ်ဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် လမ်းလျှောက်ရင်းလည်း တွေးလို့ရတယ်။ ဒီသဘာဝတရား
တွေ မြင်တိုင်းမြင်တိုင်း သြော်.. ဒီအတိုင်းဖြစ်နေပါလားဆိုတဲ့ အမြင်မျိုးကိုမြင်ပြီးတော့ ဒီသဘာဝ
တရားတွေဟာ တစ်ခုမှ မြဲတာမရှိဘူးလို့ ဒီလိုရှုမှတ်ရမယ်။
{ ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊
(၁၆)ရပ်ကွက်၊ ဓမ္မသဘင် အခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားအပ်
သော “အရှင်အာနန္ဒ ၏ ၀ိပဿနာ” တရားဒေသနာတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
https://www.facebook.com/thein.wai.167
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment