Saturday, June 18, 2016

သစ္စာမသိသူ။

    မိုးကုတ်ဆရာတော်ဘုရားကြီးကလည်း ၀ိပဿနာတရားအားထုတ်ထုတ်၊ ဒါနသီလပဲ
လုပ်လုပ်၊ သစ္စာသိပြီးမှလုပ်ပါဆိုတာ ခဏခဏ ပြောခဲ့ပါတယ်။ ကျေးဇူးရှင် အောင်ဆန်း
မိုးကုတ်ဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တသာရ ( အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) ၏

“ ၀ဋ်ကျွတ်တဲ့ဒါန တရားတော်” မှာ သားကလေး ရှင်ပြုတယ်။ ဒါနပြုတယ်ဆိုရင် ဒါနပြုတဲ့
ဒကာ ဒကာမတစ်ယောက်ဟာ သစ္စာကိုမသိ၊ ပဋိစ္စသမုပ္ပာဒ်ကို နားမလည်၊ ၀ိပဿနာကိုလည်း
အားမထုတ်ဘူး၊ တရားလည်းမနာ၊ ခန္ဓာကိုလည်း နားမလည်၊ ရုပ်နာမ်ကိုလည်း နားမလည်ရင်
ဒိဋ္ဌိမပြုတ်ဘူး ဆိုကတည်းက အကျိုးမများပါ။ == “ သစ္စာမသိ၊ ဒိဋ္ဌိမကွာ , ပုဂ္ဂိုလ်မှာလျှင်၊
လူတွင်စကြာ၊ နတ်မှာသိကြား၊ မိုးဖျားဗြဟ္မာ၊ ဖြစ်တုံပါလည်း၊ ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက၊
ဖောက်လွဲပယ်ရွာ၊ ရောက်မြဲသာတည်း။ ” (မာဃဒေ၀)
 { မြင့်ရွှေ(ပေါင်းတည်) ၏ သစ္စာလေးပါးတရားတော်နှင့် ငါသေရင် သပိတ်မသွတ်နဲ့မှ
  ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment