Wednesday, July 6, 2016

လူကြီးဖတ်ဖို့ ပုံပြင်

ရှင်ဘုရင်ကြီးတစ်ပါးသည် အလွန်အင်မတန် အဆိပ်ပြင်းသော မြွေကြီး လေးကောင်ကို မြွေးမြူထားလေသည် ထိုမြွေများကိုပြုစုလုပ်ကြွေးရန် ထောင်ကျနေသော
ခိုးသားတစ်ယောက်ကို တာဝန်ပေးထားသည်။ အကျဉ်းသားသည်
အဆိပ်ပြင်းသောမြွေကြီးများ ဖြစ်သည်ကိုမသိ၍အားရ ဝမ်းသာပြုစုလုပ်ကျွေး၏။ ထိုသိုးပြုစုလုပ်ကျွေးနေသည် မှာကာလကြာမြင့်စွာရှိလာလေရာ သနားကြင်နာတပ်ပြီး ဂရုဏာတရားကြီးမားသော
နန်းတွင်းသား တစ်ဦးသည် ထိုမြွေကြီးများ၏ အဆိပ်ပြင်းကြောင်းကို ထိုအကျဉ်းသားအား ပြောပြလေရာ အမှန်ကိုသိမြင်သွားပြီး ပြင်းစွာတုန်လှုပ်ကြောက့်လန့်ကာ ထိုမြွေလေးကောင်နှစ်ဝေးရာသို့ အတင်းထွက်ပြေးလေတော့၏ ထိုသို့ထွက်ပြေးတာကို ရှင်ဘုရင်
ကြီးသိတော်မူရာ ချက်ခြင်းပင်လူသတ်သမား ၅ ဦးနှင့် အတွင်းလူယုံတစ်ယောက်ကို လိုက်လန်ဖမ်းစေသည်။ ဤသို့ထွက်ပြေးရာ လမ်းတွင် ထိုအကျဉ်းသား ပြေးရာလမ်းခရိးတွင် ရွာပျက်ကြီးတစ်ခုသို့ရောက်လေသည် ထိုရွာပျက်ကြီးတွင် အိမ် ၆ လုံးသာရှိလေသည်
ထိုအိမ် ၆လုံးမှာ စားစရာလေးများရှာဖွေနေစဉ်မှာပင် ထိုရွာသို့နေ့စဉ်ဝင်ရောက်နှောက်ရှက်ဖျက်ဆီးနေသော ဓားပြကြီး ၆ယောက်ကို တွေပြန်သဖြင့် အသက်လုထွက်ပြေးရပြန်လေသည်။ ထိုအကျဉ်းသားသည် မနားမနေပြေး လွှားရလေကာ အလွန်မင်း
ပင်ပန်းလှခြေ၏ သို့သော်လည်း လူသတ်သမား ၅ ဦး အတွင်းလူယုံတစ်ယောက် နှင့် ဓားပြကြီး ၆ ဦး တို့ဘေးမှာပြေးလွှားရင် မြစ်ကမ်းတစ်ခုဆီသို့ရောက်လာ၏ အကျဉ်းသားသည် လည်းနောက်ဆုံးလွတ်မြောက်ရာလမ်းသည် ဤမည်သောတိုင်းနိုင်ငံ၏
ဟိုဘက်ကမ်းကို ရောက်မှလွတ်တော့မည်ကိုသိရှိရလေကာ ဟိုဘက်ကမ်းသို့ကူးရန် နည်းလမ်းကိုစဉ်းရာ အနီးနားမှရလွယ်သောဝါးကိုဖောင်ဖွဲနိုင်မှဖြစ်မည်ကိုမြင်လေ၏ လူသတ်သမား ၅ ဦး အတွင်းလူယုံတစ်ယောက် နှင့် ဓားပြကြီး ၆ ဦး တို့ရောက်မလာခင်
ဝါးဖေါင်ပြုလုပ်လေရာ ရှစ်လုံးဝါးဖြစ်သာ ဖေါင်ပြုလုပ်နိုင်လေ၏ ထိုရှစ်လုံးသောဝါးဖေါင်ဖြင့်ပင် ထိုမြစ်ကိုဖြတ်ကူးလွတ်မြောက်သွားလေတော့သည်။ ဟိုဘက်ကမ်းမှ နယ်မြေသည် ဤရှင်ဘုရင်၏အာဏာစက်တည်သောနယ်မြေမဟုတ်ရလေကာ
လူသတ်သမား ၅ ဦး အတွင်းလူရုံတစ်ယောက် နှင့် ဓားပြကြီး ၆ ဦး တို့ရန်မှအရှင်းကင်းဝေး၍ လွပ်ငြိမ်းခြင်းအတဖြစ်လေတော့သည်။

ပုံပြင်ဖတ်ပြီး၊မေးခွန်းလေးတွေ ဖြေကြည့်ပါ
------------------------------------------ 

၁။ ရှင်ဘုရင်သည် မည်သူနည်?
၂။ မြွေကြီးလေး ကောင်အကြောင်း ကိုသိပါသလား?
၃။ အကျဉ်းသားသည် မည်သူနည်း?
၎။ စေတာကောင်းသော နန်းတွင်းသားသည် မည်သူဖြစ်သနည်း?
၅။ လူသတ်သမား ၅ ဦးဟာ ဘယ်သူတွေလဲ?
၆။ အတွင်းလူရုံ တစ်ယောက်အကြောင်းကို ဖြေပါ?
၇။ ဓားပြ ၆ ယောက်ရဲ့ နာမည်ကို စဉ်းစား လို့ရနိုင်ရင် ဖြေပါ?
၈။ သူစီးသွားသော ဖေါင်သည် မည်သည့်ဖေါင် အမျိုးစား  နည်း?
၉။ သူရောက်သွားတဲ့ တစ်ဖက်ကမ်းက နိုင်ငံ ရဲ့အမည်ကို ဖြေပါ?

မှတ်ချက်။    ။ မေတ္တာရှင် (ရွှေပြည်သာ) ဆ၇ာတော်မှ စာသား အချို့ကို မှီငြမ်းထားပါသည်။
Credit to Willam SP
MS

No comments:

Post a Comment