Tuesday, July 12, 2016

တဏှာပွားအောင် မလုပ်နဲ့။

      မြတ်စွာဘုရားက လောကီအာရုံ ကာမဂုဏ်ငါးပါးတို့၌ ကိလေသာ ကာမချမ်းသာကို
အဖန်ဖန်လိုက်စားပျော်ပါးခြင်းဆိုတဲ့ ကာမသုခလ္လိကနုယောဂအကျင့်သည် ယုတ်ညံ့လှ၏။
အထက်တန်းပုဂ္ဂိုလ်တို့၏ အလုပ် မဟုတ်ဘူး။ အရိယတို့အတွင်းမပါဝင်သော ပုထုဇဉ်ပုဂ္ဂိုလ်

တို့၏ အလုပ် အလေ့အကျင့်ဖြစ်၏။ အရိယာသူတော်ကောင်းတို့၏ အကျင့် မဟုတ်။ ဒီအကျင့်
ကျင့်သည့်အတွက် မည်သည့်ကောင်းကျိုး တစ်စုံတစ်ရာမျှ မရှိ။  ( ဓမ္မစကြာ )
         ဒါကြောင့် အစာစားတဲ့အခါမှာ ကောင်းလှချည်ရဲ့လို့  အရသာရှိလှချည်ရဲ့ ဆိုပြီး
တဏှာပွားအောင် အရသာခံပြီးတော့ မစားကြနဲ့၊ ငါဟာ ဒီ စားသောက်ဖွယ်ရာကိုစားပြီး
အသက်ဆက်ရှည် ခန္ဓာကိုယ်ကြီးမျှတအောင်၊ ကျန်းမာအောင် ဖြစ်စေပြီး ကောင်းသောအမှု
ကုသိုလ်တရားပွားများအောင်ဟု ဆင်ခြင်ပြီး စားကြပါ။ အစာ စားရင်း ကုသိုလ်ဖြစ်ပါသည်။
တဏှာလောဘ ကင်းဝေးကြောင်း အကျင့်မြတ်တွေ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း အကျင့်
ကောင်း အကျင့်မြတ်တွေ ကျင့်နိုင်အောင် အဟာရမျှတအောင် စားကြပါလို့ မြတ်စွာဘုရား
က ဟောကြားထားပါတယ်။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ သစ္စာလေးပါးတရားတော်နှင့် ငါသေရင် သပိတ်မသွတ်နဲ့မှ
  ကူးယူရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
        

No comments:

Post a Comment