Sunday, December 4, 2016

သိကြားမင်း အ​မေး မြတ်​ဗုဒ္ဓ အ​ဖြေ

တစ်​ခါတစ်​ပါး ၌ သိကြားမင်းကြီး သည်​ မြတ်​ဗုဒ္ဓ အား
        " အရှင်​ဘုရား သတ္တ၀ါ ​တွေ ​အေးချမ်းစွာ ​နေခြင်​ကြ ပါလျက် ဘာလို့ ​​ဘေးအန္တရာယ်​ ​တွေ ကြုံ​နေရတာ လဲ ဘုရား ? "ဟု ​မေး ​လျောက်​ပါ သည်​။
ထို အခါ မြတ်​ဗုဒ္ဓ က...

         " သတ္တ၀ါ ​တွေ ​အေးချမ်းစွာ ​နေခြင်​ကြ ပါလျက်​ ​ဘေးအန္တရာယ်​ ​တွေ ကြုံ​နေရတာ ဣဿာ  နဲ့ မစ္ဆရိယ နှစ်​ပါး​ကြောင့်​ ဖြစ်​​ပေတယ်​ " ဟူ ၍ ​ဖြေကြား​တော်​ မူခဲ့ ပါ ၏။
    ဣဿာ    ဆိုသည်မှာ သူတစ်​ပါး​ အောင်​မြင်​ ကြီးပွား သည်​ကို မနာလို ဝန်​တိုး ခြင်း ၊ မစ္ဆရိယ ဆို သည်​ မှာ မိမိ စည်းစိမ်​ကို သူတစ်​ပါးနှင့်​ မဆက်​ဆံ​စေလိုခြင်း တနည်း အားဖြင့်​ နှ​မျောတွန့်​တို ခြင်းပင်​ ဖြစ်​ပါတယ်​ ။ ဤ တရား တစ်​ပါ သည်​ ယ္ခုဘဝ မှာ လဲ စိတ်​ဆင်းရဲ ကိုယ်​ ဆင်းရဲ ဖြစ်​​အောင်​ ဒုက္ခ​ပေးတယ်​ ​နောင်​တမလွန်​ ကြရင်​လည်း ဒုက္ခမျိုး စုံ​တွေကြုံ ရပါတယ်​ ။ ဤ ကဲ့ သို့ ဒုက္ခ​ပေးတတ်​ ​​ဘေးအန္တရာယ်​ ကို ဖြစ်​​စေ တတ်​တဲ့ တရား နှစ်​ပါး ကို အတတ်​နိုင်​ဆုံး မဖြစ်​ပွား​အောင်​ ​စောင့်​ထိန်းနိုင်​ကြပါ​စေ။
                                   အရှင်​ ဗုဒ္ဓ သိဿ    

No comments:

Post a Comment