အသုရိန္ဒက ပုဏ္ဏားသည် ဝေဠုဝန် ကျောင်းသို့ သွား၍ မြတ်ဘုရား ကို
ကြမ်းကြုတ် ခက် ထန်စွာ ဆဲရေး၏ ။ ဗုဒ္ဓ သည် သည်းခံတော် မူ၏ ။ ပုဏ္ဏား
သည် ဂေါတမ ငါ့ ကို ကြောက် ၍ မဆိုဝံ့ပြိ ။ ငါ "အောင်နိုင်လေပြီ "
ဟု ဆိုလေ ၏။ ပုဏ္ဏား ၏ "အောင်ပြီ အောင်ပြီ" ဟူသော ကြွေးကြော်သံ ကို
မြတ်ဗုဒ္ဓ ကြားသော အခါ
" အို ပုဏ္ဏား... အမျက်ထွက်၍ ဆဲရေးသောလူမိုက်နှင့်
သည်ခံသော ပညာရှိ ဤ နှစ်ဦးတွင် မည်သူက အောင် ၍ မည်သူ ရူံးလေ
သနည်း ၊ သည်းခံသူက နိုင်သည် မဟုက် လော ။
အမျက်ထွက်သူ ကို အမျက်ပြန်၍ ထွက်သော သူ သည် ယုက်မာ သူမည်၏ ။
အမျက်ထွက်သူကို သည်းခံနိုင်သူ က အောင်ရန်ခက်သော ရန်ကို
အောင်သည် မဟုက်ပါလော။
အကြင်သူသည် အမျက်ထွက်သူကို သည်ခံခြင်းဖြင့် ရန်ကို
ငြိမ်းစေ၏ ။ ထိုသူသည် မိမိ သူတစ်ပါး၏ အကျိုးကို ကျင့်သည်
မဟုက်ပါလော။
အကြင်သူသည် အမှန်တရားကို မသိသူ ဖြစ်ပါမူ ထိုသူသည် သည်ခံသူ ကိုပင် လူမိုက်ဟု မှတ်ထင်တတ်၏ ။
ဤသို့ မြတ်ဗုဒ္ဓသည် ပုဏ္ဏား အား ဆုံးမတော်မူလေ ၏။
ပုဏ္ဏားသည် ပါရမီရှင် ဖြစ်သည့်အားလျော်စွာ တရားမှန်ကို ကြားနာ
ရ၍ မိမိ ၏ အမှား ကို သိရှိပြီး ဗုဒ္ဓ အားတောင်းပန် ပြိးလျှင် ရဟန်ပြု
လေ၏ ။ မကြာမိ ရဟန္တာ ဖြစ်တော်မူလေ၏။
မြတ်ဗုဒ္ဓ ၏ တရားတော် များကို ခေတ်လူငယ်များ လွယ်ကူစွာဖတ်ရှု့
နိုင်ရန် ယ္ခုကဲ့သို့ ရေးခြင်းဖြစ်ပါသည် မည်သူမဆို လွတ်လပ်စွာ
တစ်ဆင့်ဖြန့်ဝေ နိုင်ပါသည် ။
အရှင် ဗုဒ္ဓ သိဿ
No comments:
Post a Comment