လူတွေက ရွှေတွေ၊ ငွေတွေ၊ စည်းစိမ်ဥစ္စာတွေ တစ်ပုံတစ်ခေါင်းကြီး ရယူနိုင်ရေးအတွက်ချည်း အစဉ်သဖြင့်
လုံးပမ်းနေကြတယ်။ ဗုဒ္ဓကတော့ နှလုံးသားနဲ့စိတ်ဓာတ်တိုးတက်ဖို့ကသာ ပိုအရေးကြီးကြောင်း မိန့်မြွက်တော်မူခဲ့ပါ
တယ်။ ဗုဒ္ဓ မိန့်မြွက်တော်မူတာက ---
* နုတ်မှု၊ လက်မှုတို့၌ လေးနက်စွာသင်ယူ၍ ကောင်းစွာကျွမ်းကျင်တတ်မြောက်ခြင်း၊ ကောင်းစွာကျင့်ဆောင်
ခြင်း၊ ကောင်းမွန်စွာ ပြောဆို ဆက်ဆံခြင်းတို့သည် အကောင်းဆုံးသော ကြီးပွားကြောင်း မင်္ဂလာဖြစ်ပေ၏။
** အမိအဖတို့အား ပြုစုလုပ်ကျွေးခြင်း၊ သားမယားတို့အား ချီးမြှောက်ထောက်ပံ့ခြင်း၊ အပြစ်မဲ့သော အသက်မွေး
ခြင်းတို့သည်လည်း ကြီးပွားကြောင်း မင်္ဂလာမည်ပေ၏။
*** ပေးကမ်းချီးမြှောက်ခြင်း၊ တရားသဖြင့်ကျင့်ဆောင်ခြင်း၊ ဆွေမျိုးဉာတိတို့အား ကူညီစောင့်ရှောက်ခြင်း၊ အ
ပြစ်ကင်းမဲ့သော အပြုအမူကိုသာ လုပ်ဆောင်လေ့ရှိခြင်းတို့သည်လည်း ကြီးပွားကြောင်း မင်္ဂလာမည်ပေ၏။
**** မကောင်းမှုတို့မှ ကင်းဝေးအောင် ရှောင်ကြည်ခြင်း၊ အရက်သေစာ သောက်စားမှုတို့၌ အလေ့အထမပြုခြင်း
တရားသဘောတို့၌ မမေ့မလျော့ခြင်းတို့သည်လည်း ကောင်းမြတ်သော ကြီးပွားကြောင်း မင်္ဂလာမည်ပေ၏။
***** သူတထူးတို့၌ ရိုသေလေးစားသမှုပြုခြင်း၊ ကိုယ့်ကိုယ်ကို နိမ့်ချစွာ ပြုမူတတ်ခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ သူ့
ကျေးဇူးကို သိတတ်ခြင်း၊ အခါအားလျော်စွာ တရားဓမ္မနာယူလေ့ရှိခြင်းတို့သည် ကောင်းမြတ်သော ကြီးပွားကြောင်း
မင်္ဂလာတို့ပေတည်း။ ။
{ ဒေါက်တာနန္ဒောဘာသ (ကိုးလ်ကတ္တား) M.A, Ph.D ၏ ဗုဒ္ဓဓမ္မဆွေးနွေးချက်များမှ ကူးယူရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment