Friday, April 7, 2017

ထေရ၀ါဒနှင့် သင်္ကြန်



ယနေ့ခေတ်တွင် သင်္ကြန်ရေလောင်းခြင်းကို ထေရ၀ါဒ ဗုဒ္ဓဘာသာ အတွက် အရေးပါ သောပွဲတော် တခု ဖြစ်လေဟန် ဟောပြောလာ သည်ကို တွေ့ရ၏။
"သင်္ကြန်ရေထိလျှင် ပြုထား သမျှ အကုသိုလ်တွေ ကင်းစင်သွားကြောင်း " အမေရိကန်နိုင်ငံ၊ မြို့တော် တခုရှိ မြန်မာဗုဒ္ဓ ဘာသာအသင်း၏ ဥက္ကဋ္ဌ အဖြစ်တာဝန် ယူထားသူ ဆရာဝန် တဦးက အင်္ဂလိပ်ဘာသာဖြင့်ဟော ပြောသည်ကို စိတ်ပျက်ဖွယ် ကြားနာရဖူး၏။


အမှန်အားဖြင့် သင်္ကြန်ပွဲသည် ထေရ၀ါဒဗုဒ္ဓဘာ သာနှင့် ပတ်သက် ဆက်နွယ်ခြင်း အလျဉ်းမရှိပါချေ--------။
သင်္ကြန်ပွဲလူစည်ကား ရေးအတွက် ဗုဒ္ဓဘာသာကို ခုတုံးလုပ် အလွဲအသုံးချ တာမျိုး မလုပ်သင့်ကြောင်း သတိပြုသင့် ပေသည်။

မြန်မာသမိုင်းတွင် ပုဂံဘုရင် နရသီဟပတေ့ ခေါ် တရုတ်ပြေး မင်း လက်ထက် အေဒီ၁၃ ရာစုတွင် ကျင်းပခဲ့သော ရေဖျန်းသဘင်မှာ ရှေးအကျဆုံး ဖြစ်သလို အကြမ်း တမ်းဆုံး ပွဲလည်း ဖြစ်ခဲ့၏။

ပုဂံဘုရင်နရသီဟပတေ့သည် တရုတ်ဆွန်မင်းဆက်ဘုရင်တို့၏ ဟန်ကျိုးနန်းတော် တည်ဆောက်ပုံနှင့် ရေချိုးကန်စီစဉ်ထားပုံကို အလွန်သဘောကျသည်။

အချိန်မရွေး ရေသ ဘင်ပွဲဆင်နွဲနိုင်ရန် စက်တော်ခေါ်ရာ ခန်းမဆောင်မှ ဧရာဝတီမြစ် ကမ်းပါးရှိ ရေချိုးကန်အထိ တိုက်ရိုက် သွား ရောက် နိုင်သည့် လုံခြုံရေး ဥမင်တံတိုင်းကို တည်ဆောက် စေသည်။

ရှင်ဘုရင် မြို့ပြင် ထွက်ကြောင်း လူသူလေးပါးတို့အကြား သတင်း မပေါက်ကြား စေရန် ရည်ရွယ်ပြီး တည် ဆောက်ခြင်း ဖြစ်သည်။
နေအပူပြင်းဆုံးအချိန် တန်ခူးလတွင် ပုဂံဘုရင်သည် ရေသဘင်ပွဲကို မိဖုရား၊ မောင်းမမိ ဿံ အမျိုးသမီး ပရိသတ်များ နှင့်သာ တပျော်တပါး ဆင်နွှဲလေသည်။

ဘုရင်သည် သူအလွန်ချစ် မြတ်နိုးသော မိဖုရားစောလုံကို ကျီစယ်လိုသောကြောင့် မိဖုရား၏ ဦးခေါင်းပါ မကျန်တကိုယ်လုံး ရွှဲရွှဲစို အောင် ရေပက်စေသည်။

ရေပက်ကြမ်းသော ဘုရင်ကို မိဖုရားစိတ်ခုသည့်အတွက် ပွဲတော်စာတွင် အဆိပ်ထည့်ကာ လုပ်ကြံသော်လည်း ကံကောင်း ထောက်မပြီး ပွဲတော်မတည်မီ အစာတွင် အဆိပ် ထည့်ထားကြောင်း ဘုရင်သိသွားသည်။
လုပ်ကြံသူမိဖုရားစောလုံကို ဘုရင် က သေဒဏ်ပေးသည်။
ဤသို့ဖြင့် ပုဂံဘုရင်၏ ရွှင်မြူးဖွယ် ရေသဘင် ပွဲသည် ၀မ်းနည်း ပူဆွေး ဖွယ်ဖြစ်ရပ်နှင့် နိဂုံးချုပ် ခဲ့ရသည်။

ပုဂံဘုရင်သည် မိဖုရားစောလုံသေဆုံးပြီးနောက်ပိုင်း နောင်တရကာ စိတ်ဓာတ်ချောက် ခြားပြီး "စောလုံ လာလှည့်၊ စောလုံ စောင့်ခလှဲ့၊ စောလုံကို ကျုပ်တောင်းပန်ရမယ်"ဟု မကြာခဏ မြည်တမ်း ယောင်ယမ်း သည်ဟူ၏။

"ကျီစားသန်၍ ရန်များ"ခဲ့ရသည့် ပုဂံဘုရင်နှင့်မိဖုရားစောလုံဖြစ်ရပ်ကို ပမာပြု၍ ရေက စားသောအခါ တဦးနှင့်တဦး အလွန်အကျွံ ပြောင်လှောင်ကျီစယ်ခြင်းမပြုလုပ်ရန်၊ ယဉ်ကျေး သိမ်မွေ့စွာ ရေကစားကြရန် လူကြီးမိဘများက သတိပေးဆုံးမကြလေသည်။


သင်္ကြန်တွက်ရိုးကျမ်းများအလို သင်္ကြန်အခါအတွင်း မပြုလုပ်ဘဲ ရှောင်သင့်သည်များ ကို သင်္ကြန်စာများ၌ အောက်ပါအတိုင်း ဖော်ပြ ထားကြလေသည်--------။
(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။
(၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။
(၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
(၆) သွေးဖောက်၊ သွေးထုတ်ခြင်း။
(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။
(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။
(၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း။

သင်္ကြန်ပွဲသည် ထေရ၀ါဒဗုဒ္ဓဘာသာဆိုင်ရာပွဲတော်မဟုတ်သော်လည်း ရုံးပိတ်ရက်များ ဖြစ်သောကြောင့် ဒါန၊ သီလ၊ ဘာဝနာ အလုပ်များကို ဆောင်ထားရမည့်အရာအနေဖြင့် သက် ဆိုင်ရာဘာသာဝင်များ ပြုလုပ်ကြပေသည်။ "အခွင့်သာခိုက် လုံ့လ စိုက်" သည့်အနေဖြင့်ဆောင် သင့်သည်ကို ဆောင်၊ ရှောင်သင့်သည်ကို ရှောင်၍ ဗုဒ္ဓ၏ မင်္ဂလာ တရားတော် နှင့်အညီ မြန်မာ နှစ်သစ်ဦးကို ကြိုဆိုလေ့ ပြုမြဲဖြစ်ပါသည်။

ယခင်နှင့် ယခုမြန်မာ့ရိုးရာ မဟာသင်္ကြန်၏ "အရွေ့"ကား အလွန်မြန် ဆန်ကြောင်း သင်္ကြန် အကြောင်း လေ့လာရင်း တွေ့မြင်ရပါ သည်။

ခေတ်ရေစီးကြောင်းကား အရှိန်ပြင်းပြင်း စီးဆင်းနေသည်။
မူလသင်္ကြန်၏သင်္ကေတ၊ နိမိတ်ပုံတို့သည် ယခုအခါ ရေစီးကြောင်းထဲ ဘယ် လောက် မျောပါစီးဆင်း သွားခဲ့ပြီလဲ၊ ဘယ်လောက် ကျန်နေသေးသလဲ ဟုလေ့လာမိသလောက် စေ့ငုဆန်းစစ်နေမိပါသည်။

--အမရဒီပ ။ ၁၅။၎။ ၂၀၁၁

No comments:

Post a Comment