မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း ရွှေပလ္လင်ထက်ဝယ် “ ငါသည် ဤ အပရာဇိတ
ပလ္လင်တော်၌ ဗောဓိဉာဏ်ကိုရရန် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီများ
ဖြည့်ဆည်းပေးခဲ့ရသည် ။ ငါ၏ ခန္ဓာကိုယ်အသွေးအသား ၊ သားသမီး ဇနီးမယားတို့ကိုလည်း
ပေးလှူခဲ့ရပြီ ။ ဤပလ္လင်တော်ပေါ်မှ မာရ်ငါးပါးကိုတစ်စမကြွင်း၊ အရှင်းအောင်တော်မူခဲ့ပြီ ”
ဟု ရွှင်လန်းဝမ်းမြောက်ခြင်းဖြစ်ကာ ဥဒါန်းကျူးရင့်လျက် ( ၇ ) ရက်ပတ်လုံး ပဋိစ္စသမုပ္ဗါဒ်တ
ရား ၊ နိဗ္ဗာန်တရား ၊ မဂ်တရားတို့ကို ဆင်ခြင်နှလုံးသွင်းတော်မူ၍ ဖလသမာပတ် ၀ိမုတ္တိ ချမ်းသာကို
ခံစားတော်မူသည် ။
ဤနေရာမြေမြတ်မဟာတွင် ဘုရားအဆူဆူ ပွင့်တော်မူခဲ့၏ ။ မဟာသက္ကရာဇ် ( ၁၀၃ )
ခု နှစ် ကဆုန်လပြည့် သောကြာနေ့ မိုးသောက်ယံတွင် မိမိတို့၏ ဂေါတမမြတ်စွာဘုရားရှင်
သည်လည်း သစ္စာလေးပါးမြတ်တရားကို ဤနေရာမှာပင် ထိုးထွင်း၍ သိမြင်တော်မူခဲ့၏ ။
(သုဓမ္မသိင်္ဂီ ခင်ဆွေလဲ့၏ ဗုဒ္ဓဂယာမြေမြတ်မဟာ တရားစခန်းပွဲဓမ္မခရီးမှ ကူးယူရေးသား
ပူဇော်ပါသည်။)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment