အို ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင် အပေါင်းတို့.....
၁။ ရုပ်နာမ်နှစ်ပါး၊ မှန်ငြားလျက်သာ
အမြင်ဖောက်ပြား၊ မှောက်မှားချက်နှာ
လူ့ဘ၀ကွဲ့၊ ရတဲ့အခါ
လူလိုပဲ ဝေခွဲသိလိုက်ပါ။
၂။ ရုပ်နာမ်နှစ်ရပ်၊ ပေါင်စပ်ခါတည်
ယောက်ျားမိန်းမ၊ ခေါ်ကြပါသည်
သူပဲ ငါပဲ၊ မှတ်လွဲပါပြီ
အတ္တစွဲ သူပဲ သံသာရှည်။
၃။ မြင်မြင်သမျှ၊ မှတ်ကြရုပ်ပါ
မြင်တာသိက၊ ကြည့်ကြနာမ်ပါ
ရုပ်နာမ်ဖြစ်ပျက်၊ စစ်တွက်မြင်လာ
လူအစစ် ဖြစ်တော့စဉ်မကွာ။ ။
( ၀ဏ္ဏကျော်ထင် ဦးဘိုးစိန်၏ တရားထူးရရန် နှလုံးသွင်းဆင်ခြင်နည်းမှ ကူးယူရေးသား
ပူဇော်ပါသည်။ )
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment