ဘုရားဖြစ်တော်မူပြီး ၂၂ရက်မှ ၂၈ရက်အထိ ဗောဓိပင်၏အနောက်မြောက်ဘက်ရှိ စတုတ္ထသတ္တာဟ
" ရတနာဃရ " ရွှေအိမ်မြတ်၌ အဘိဓမ္မာတရားတော်(အဘိဓမ္မာ ၇ကျမ်း)ကို သဗ္ဗညုတဉာဏ်တော်ကြီးဖြင့်
၇ရက်တိုင်တိုင် တစ်ပါးတည်း ကွန့်မြူးကျက်စား ဆင်ခြင်သုံးသပ်တော် မူခဲ့သည်။
ထိုအဘိဓမ္မာ ၇ကျမ်းမှာ။ ။(၁) ဓမ္မသင်္ဂဏီကျမ်း၊
(၂) ၀ိဘင်းကျမ်း၊
(၃) ဓာတုကထာကျမ်း၊
(၄) ပုဂ္ဂလပညတ်ကျမ်း၊
(၅) ကထာဝတ္ထုကျမ်း၊
(၆) ယမိုက်ကျမ်း၊
(၇) ပဋ္ဌာန်းကျမ်းတို့ ဖြစ်ကြပါသည်။ ။
နောက်ဆုံးကျမ်းဖြစ်သော ပဋ္ဌာန်းကျမ်းကို ဆင်ခြင်တော်မူသောအခါ ရောင်ခြည်တော် ခြောက်ဖြာ
ကွန့်မြူးတော်မူပါသည်။ ။
{ ဒေါက်တာခင်ယုနွယ်၏ ဘ၀အလင်းရောင်အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment