Friday, September 22, 2017

ချမ်းသာ လေးမျိုး

အတ္ထိသုခ = "ငါ့မှာ ပစ္စည်း ဥစ္စာရှိသည်" ဟုစဉ်းစားဆင်ခြင်၍ ချမ်းသာခြင်း

ဘောဂသုခ = ရှိသည့် ပစ္စည်းဥစ္စာကို သုံးဆောင် ခံစားရ၍ ချမ်းသာခြင်း

အာနဏျသုခ = ကြွေးမြီ ကင်းသည်ကို စဉ်းစားဆင်ခြင်မိ၍ ချမ်းသာခြင်း


အနဝဇ္ဇသုခ = ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး အပြစ်ကင်းသည်ကို စဉ်းစား ဆင်ခြင်မိ၍ ချမ်းသာခြင်း

ဤ ချမ်းသာ ၄ မျိုးအနက် ရှေ့ ၃ မျိုးသည် နောက်ဆုံးဖြစ်သော (အနဝဇ္ဇသုခ)
ကိုယ်၊ နှုတ်၊ စိတ် အပြစ်ကင်းခြင်းကြောင့် ရရှိသည့် ချမ်းသာ၏ တဆယ့်ခြောက်စိတ်စိတ် တစိတ်ကိုမျှ မမီကြောင်း မြတ်စွာဘုရားေ

ဟာတော်မူ၏။
   ဒါကြောင့် ဓမ္မမိတ်ဆွေ အမျိုးတွေကိုလည်း (အနဝဇ္ဇသုခ) ချမ်းသာခြင်းဖြင့် ချမ်းသာကြပါစေလို့ မေတ္တာဆုတောင်းပေးလိုက်ပါတယ်။

( အင်္ဂုတ္တိုရ်၊ စတုက္က၊ အာနဏျသုတ် )
MS

No comments:

Post a Comment