၁။ ရူပါရုံ = မျက်စိဖြင့် မြင်မြင်သမျှ အကောင်း၊ အဆိုး၊ အဆင်းအားလုံး။
၂။ သဒ္ဒါရုံ = နားဖြင့် ကြားကြားသမျှ အကောင်း၊ အဆိုး၊ အသံအားလုံး။
၃။ ဂန္ဓာရုံ = နှာခေါင်းဖြင့် နံနံသမျှ အကောင်း၊ အဆိုး၊ အနံ့အားလုံး။
၎။ ရသာရုံ = လျာဖြင့် စားသိသမျှ အကောင်း၊ အဆိုး၊ အရသာအားလုံး။
၅။ ဖောဋ္ဌဗ္ဗာရုံ= ကိုယ်ဖြင့် ထိသိသမျှ အကောင်း၊ အဆိုး၊ အတွေ့အထိအားလုံး။
၆။ ဓမ္မာရုံ = စိတ်ဖြင့် တွေးတောကြံစည်သမျှ အကောင်း၊ အဆိုး၊ အတွေးအကြံအားလုံး။
အထက်ပါ အာရုံများကို သိတတ်သောသဘောကို စိတ် ဟုခေါ်ပါသည်။ ။
{ ဒေါက်တာခင်ယုနွယ်၏ ဘ၀အလင်းရောင်အဘိဓမ္မာမှ ကူးယူရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment