Tuesday, December 26, 2017

သင် ဗုဒ္ဓဘာသာအစစ်ဖြစ်ပြီလား


ပန်းလှူဖို့ ဘုရားပေါ်တက်လာတယ်..
တွေ့တွေ့ချင်း ဘုရားကိုကြည့်ပြီး
“ဟင် ငါ့မွေးနံဘုရားလည်း မဟုတ်သေးဘူး”ဆိုပြီး ကျော်သွားတယ်..
ဒီထက်ဆိုးတာ ရှိသေးတယ်..
“ငါ့မွေးနံဘုရားမှ မဟုတ်ရင် ငါ့ဆုတောင်းပြည့်မှာမဟုတ်ဘူး”
ပန်းလှူလို့ ကုသိုလ်ဖြစ်တာနဲနဲ
အတွေးအကြံမှားကြောင့် အကုသိုလ်ဖြစ်တာက များနေပြီ..
ဒီလို အတွေးအခေါ်တွေဟာ ဗုဒ္ဓဘာသာအစစ် မဟုတ်ဘူး..
ဗြဟ္မဏ ဝါဒတွေ..

ဘုရားရှင်ကတော့ ကုသိုလ်စိတ်ဖြစ်ရင်
ဒါက ကောင်းတယ် အကုသိုလ်စိတ်ဖြစ်ရင် ဒါမကောင်းဘူး ဒါပဲ..
(စပ်မိလို့ နှိုင်းယှဉ်ကြည့်ရရင် ဒီလိုနေ့နံတစ်ခုစီ အပိုင်ပေးပြီးဘုရားတစ်ဆူစီ သတ်မှတ်ထားခြင်းဟာ မိတ္တဗလဋီကာဆရာဒေးကာနယ်ဂျီရဲ့ နည်းလမ်းနဲ့ပင် တူနေပါတယ်)
ဗုဒ္ဓဘာသာ အစစ်ဟာ နေ့နံ မရွေးဘူး..
အရပ်မရွေးဘူး..
ရုပ်ပွားမရွေးဘူး..
သူရွေးတာက ကုသိုလ်အကုသိုလ်ဖြစ်မဖြစ်သာ ရွေးချယ်တယ်..
ကုသိုလ်နဲ့ အကုသိုလ်မှာ ကုသိုလ်ကိုရွေးချယ်ပြီး
အကုသိုလ်ဆို ရှောင်တယ်..
ဒါ ဗုဒ္ဓဘာသာအစစ်ဖြစ်တယ်..
သူများပါးစပ်ဖျားတင် လမ်းမဆုံးကြပါနဲ့..
ဒါက ရေရောတဲ့ ဗုဒ္ဓဝါဒပဲ ဒါက ရေမရောတဲ့ အစစ်အမှန် ဗုဒ္ဓဝါဒပဲ
ဆိုတာကို ရှင်းလင်းအောင် လေ့လာထားကြပါ..
ဗုဒ္ဓဘာသာလို့ အမည်ခံထားရင်
ငါဗုဒ္ဓဘာသာစစ်စစ်ဖြစ်တယ်လို့ လက်မထောင်နိုင်အောင် လေ့လာထားကြပါ..ဆည်းကပ်ထားကြပါ..
Credit > ဦးသော်(Oo Thaw).

No comments:

Post a Comment