* မေတ္တာနဲ့
ကိုယ်ကောင်းကျိုးရစေချင်တိုင်းလည်း
သူရတာမဟုတ်၊ သူ့ကံရှိမှ သူရတာ။
* ဂရုဏာနဲ့
ကိုယ်ဆင်းရဲ လွတ်စေချင်တိုင်းလည်း
သူလွတ်တာမဟုတ်၊
သူကံရှိမှ သူလွတ်တာ။
* မုဒိတာနဲ့
ကိုယ်ချမ်းသာမြဲ ချမ်းသာစေချင်တိုင်းလည်း
သူမြဲတာမဟုတ်
သူကံရှိမှ သူမြဲတာလို့
သူနဲ့ ကံတရား၊ ကံတရားနဲ့သူ
အကြောင်းအကျိုးဆက်စပ်ပြီး
လည်ပတ်နေတာကို
အမြဲဆင်ခြင် ဉာဏ်သက်ဝင်ပြီး
ထာဝစဉ် ကံသတိ၊
ကံအသိ ရှိနေမယ်ဆိုရင်......
ကိုယ်ဖြစ်စေချင်တိုင်း ဖြစ်မလာလို့
မကျေမနပ် ဖြစ်ရတာတွေ၊
ဝမ်းနည်းပန်းနည်း စိတ်ဆင်းရဲရတာတွေ
ရှိမှာမဟုတ်တော့ပါဘူး။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ကောတုဟလမင်္ဂလာနှင့် မိုးခါးရေမသောက်နဲ့မှ ကူးယူရေးသား
ပူဇော်ပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment