၁။ မျက်စိကောင်းတုန်း ....... စာကြည့်။
၂။ နားကောင်းတုန်း ........... တရားနာ။
၃။ ကျန်းမာတုန်း ............ တရားထိုင်။
( အရှင်ဝိစိတ္တသာရ )
ဟုတ်ပါတယ်၊ လူတိုင်းမှာ မိမိပိုင်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းအနက် မျက်စိလည်း တစ်ခုအပါအ၀င်
ဖြစ်သည်။ မိမိပိုင်မျက်စိကို စာအုပ်၊ စာပေ ဖတ်ရှုခြင်း၌ အသုံးပြုပါက ဗဟုသုတတိုးပွားပြီး၊ မိမိ၏ကြီးပွားရေး၊
စီးပွားရေး၊ တိုးတက်ရေးအတွက် အထောက်အကူရနိုင်ပါသည်။
မျက်စိသည် အသက်ရှင်နေသူမှာလည်း ရှိ၏။ သေပြီးသူ လူသေမှာလည်းရှိ၏။ လူသေမှာရှိသော မျက်
စိသည် အသုံးချလို့ မရတော့ပါ။ အသိစိတ်မရှိတော့၍ ဖြစ်၏။ အသက်ရှင်နေသူမှာရှိသော မျက်စိသည် အသုံး
ချလို့ရ၏။ ကောင်းသည့် ကုသိုလ်ဘက်ကိုလည်း အသုံးချလို့ရ၏။ မကောင်းသည့် အကုသိုလ်ဘက်ကိုလည်း
အသုံးချလို့ရ၏။
ကောင်းသည့်ဘက် ကုသိုလ်ရေး၊ ဗဟုသုတတိုးပွားရေးဘက်၌ အသုံးချလျှင် ဘ၀အတွက်သာမက
သံသရာအတွက်၊ သံသရာမှ လွတ်ငြိမ်းရာ နိဗ္ဗာန်အတွက်ပါ အကျိုးများမည်။ မကောင်းဘက်မှသာ အသုံးချ
ရင်တော့ မကောင်းမှု အကုသိုလ်တွေ တိုးပွားလာလိမ့်မည်။ အကုသိုလ် တိုးပွားလျှင် အကုသိုလ်အကျိုးပေးပါက
ဒုဂ္ဂတိဘ၀သို့သာ ကူးပြောင်းသွားကြပါလိမ့်မည်။ ထို့ကြောင့် မိမိပိုင်မျက်စိကို စာပေဖတ်ရှု၊ ဗဟုသုတရှာမီး
လျက် ကုသိုလ်တရား ပွားများကြပါဟု စကားလက်ဆောင်ပါးလိုက်ပါသည်။
{ ကြေးပိဋကတ်ဆရာတော် ဘဒ္ဒ န္တဉာဏ }
{ ၁၃၇၈ ခုနှစ်( ခရစ်နှစ် ၂၀၁၇ ) ၁၉ကြိမ်မြောက် ကံဖေတိုက်နယ်၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲတော်မှ
ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment