Thursday, August 16, 2018

ဥပုသ်သီလယူမည့်သူ အလှပြင်သင့် မသင့်...?

ရှစ်ပါးသီလထဲမှာ ပန်းပန်ခြင်း၊ နံ့သာ
လိမ်းခြင်း ၊ မပြုရလို့ ပါပါတယ်။ ဒါပေမဲ့
အချို့သောဥပုသ်သည်တွေက မရှောင်
ကြပါဘူး။
ဆင်ခြေပေးကြတယ်။ သီလမယူလိမ်း
ထားတာမို့လို့ အပြစ်မဖြစ်ပါဘူးတဲ့။
ဟုတ်ပါတယ်။ သီလမယူခင် လိမ်းထား
ကြတာမို့လို့ အပြစ်တော့မဖြစ်ပါဘူး။ ဒါ
ပေမဲ့မေးပါရစေ ။ သီလယူပြီးရင်ကော
လိမ်းထားတွေ ပြန်ဖျက်ကြရဲ့လားကွယ်။

မဖျက်ကြပါဘူးနော်။
ဒါနဲ့ပတ်သက်ပြီး ဗုဒ္ဓဝါဒနဲ့ပတ်သက်တဲ့ အ
မေးဖြေစာအုပ်တစ်အုပ်မှာ ဆရာတော်
ကြီးက ရှင်းပြထားတယ်။
ဒါနတစ်ခုပြုတဲ့အခါမပြုလုပ်ခင်ကြို
တင် စိတ်ကူးနဲ့နဲ့ဖြစ်တဲ့စေတနာ(ပုဗ္ဗ)။
ပြုလုပ်နေစဉ် ဝမ်းမြောက်မှု့(မုဉ္စ) ။ ပြုလုပ်ပြီး ဝမ်းမြောက်မှု့ (အပရ) ။ စေတ
နာ စတဲ့ စေတနာသုံးချက်လုံးအား
ကောင်းမှ အကျိုးပေးအားကောင်းတာပါ။
သီလမှာလည်း ဒီသဘောပါပဲ။ ငါဒီနေ့
ဥပုသ်သွားစောင့်မယ် ဆိုတဲ့ အသိရှိနေ
ရင် ရှေ့ပြေးစေတနာဖြစ်နေပါပြီ။ ဒီရှေ့
ပြေးစေတနာကိုကြည့်လေ။ ငါစောင့်ထိန်း
မဲ့သီလထဲမှာ ပန်းမပန်ရ နံ့သာမလိမ်းရ
ဆိုတာပါတယ်။ ဒါကြောင့်ငါ ဒီနေ့မလိမ်း
တော့ဘူးလို့ ရှေ့ပြေးစေတနာဖြစ်ရင်
ဘယ်လောက်အကျိုးကြီးလိုက်မလဲ။
ဘုရားကိုပိုပြီး လေးစားရာကျတာပေါ့။
သီလမယူရသေးလို့ လိမ်းတာပါဆိုတဲ့
ဆင်ခြေဟာ ကိုယ့်ရဲ့ဒီသီလအပေါ်မှာ
ဘယ်လောက်အလေးနက်ပြုလဲ ဆိုတဲ့
စိတ်ကလာတာပါ။
အရက်သမားတစ်ယေယာက်ဟာ သီလ
မယူခင် အရက်သောက်ထားတယ်။ ပြီး
တော့သီလယူတယ်။ မူးပြီးအိပ်ကရော။
ကဲ သူကလည်းသီလမယူသေးလို့ သီ
လမကျိုးပါဘူးလို့ ဘယ်လိုဆင်ခြေနဲ့ပေး
ကြမလဲ။
ကုသိုလ်ရတယ်ဆိုရင်တောင် အား
ကောင်းတဲ့ ကုသိုလ်ဖြစ်ပါအုံးမလား။
ဆင်ခြင်ကြစေချင်ပါတယ်။ တစ်ရက်
လေးစောင့်ကြတာပဲ ဗျာ။
အရှင်ပညာသီရိ(ရမ္မာကျွန်း)ဲ
MS

No comments:

Post a Comment