နာမည် ခေါ်တယ်။ ဦးဇင်းတို့ကိုယ်တိုင် ခံစားရတာနဲ့ပြောရင်၊ မှတ်မိသည့် အရွယ်ထိ အဖေကိုယ်တိုင် “သား” လို့
တစ်ခါမှ မခေါ်ဖူးဘူး။ အဖေ့ကို အပြစ်ပြောတာ မဟုတ်ဘူး၊ သူနေရတဲ့ ပတ်ဝန်းကျင်၊ သူရဲ့အသိုင်း
အ၀ိုင်း၊ သူနေရတဲ့ ရပ်ကွက်၊ သူနေရတဲ့ ရွာ၊..။ တစ်ခါမှ မခေါ်ခဲ့ဖူးဘူးဆိုတော့ လွန်လွန်းရာ ဖြစ်သွားမယ်။
တစ်ခါတော့ ခေါ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်လေးတော့... မှတ်မှတ်ရရ ရှိတယ်။ ဘုန်းဘုန်း ဆယ်တန်းဖြေခါနီးအချိန်
၁၉၇၅ ..ခုနှစ်။ ဆယ်တန်းဖြေဖို့ မတိုင်မီ တစ်ပတ်အလို၊ ဘုန်းဘုန်းမှာ သွေးပေါင်ကျတဲ့ရောဂါရှိတယ်။
၆၀း ၈၀ ပဲရှိတယ်။ ပြီးတော့ ဘုန်းဘုန်း ဗိုက်ကလည်းဆာတတ်တယ်။ စာ တိုးတိုးကျက်တာကို အမေက
အော်ကျက်ခိုင်းတော့ ပြဿနာ ဗိုက်ဆာလာတယ်။ အဲဒီတော့... မီးဖိုခန်းထဲ ၀င်သွားတယ်။
ည ဆယ်နာရီလောက်မှာ ထမင်းစားခန်းကိုဖြတ်၊ မီးဖိုချောင်ထဲကို ၀င်တော့၊ ထမင်းရှိတယ်၊ ဟင်းရှိတယ်၊
ကဲ... စားမယ်ဟေ့ လုပ်တော့ ဘုန်းဘုန်းထိုင်ရာမှထ . ထမင်းပုဂံကို အယူမှာ မူးသွားတော့ သွေးအားနည်းလို့
မူးအသွားမှာ ပန်းကန်စင် ကြောင်အိမ်ကြီးကို ကိုင်ထားလိုက်တယ်။ အိုး...စီထားလိုက်တာ ထောင်ထောင်၊
ထောင်ထောင်ကြီး၊ မိသားစုတွေများတော့ အများကြီး စီထားလိုက်တာ။ အဲဒီမှာတင် မူးပြီးလဲအကျမှာ ဒီဟာကြီးကို
ငါ ကိုင်ရမှာလား၊ လွတ်ရမှာလားလို့ စဉ်းစားတာ။ ကိုင်ထားရင် ငါ့အပေါ်မှာကျ ငါလည်းသေ၊ အကုန်လုံး
လည်းကွဲ၊ ဒုက္ခရောက်မယ်။ ကဲ သေချင်သေ ဆိုပြီးတော့ လွတ်ချလိုက်တာ၊ လူကဘယ်လို ပြုတ်ကျ
သွားမှန်းမသိ၊..မေ့သွားတယ်။
ဘုန်းဘုန်းမေ့လဲသွားပြီး စ... သတိရလာတဲ့အချိန် ကြားရတဲ့အသံက " သား " ဆိုတဲ့အသံ။ မျက်လုံး
ကလေးဖွင့်ကြည့်တော့ အဖေ့မျက်နှာက အာဠ၀ကဘီလူးမျက်နှာ ဖြစ်သွားပြန်တယ်။ နောက်ကျမှ အမေ့ကို
တိုးတိုးကလေး လက်တို့ပြီးမေးကြည့်တော့... သား.. မင်းမေ့နေတုန်းက မင်းအဖေ တအားစိတ်ပူနေပြီး " သား "
လို့ခေါ်လိုက်သေးတယ်တဲ့။
အဖေရှိရင် ဘုန်းဘုန်းတို့ ဖြတ်မလျှောက်ရဲဘူး၊ လေးစားတာက သပ်သပ်၊ ချစ်တာက သပ်သပ်၊
ကြောက်တာက သပ်သပ်၊ အဖေ့မျက်နှာက အဲလိုမျိုး။
အဖေက အရက်သောက်တယ်။ အရက်သောက်တဲ့ အဖေတွေ ရှိပါလိမ့်မယ်။ ဘုန်းဘုန်းအဖေကို
မှီမယ်မထင်ဘူး။ အရက်သောက်တယ်ဆိုတဲ့သဘာဝက ထမင်းမစားမီနဲ့ စားပြီး ဘယ်ဟာ သောက်ကြတုန်း ?။
( ထမင်း မစားမီပါဘုရား..... )။ အိုး.. ဟောလိုလား ?။ ဘုန်းဘုန်းအဖေက ထမင်း မစားမီလည်းသောက်တယ်။
ထမင်း စားပြီးလည်းသောက်တယ်။ နောက်ဆုံး.. ဘာ အမြည်းမှ မရှိရင် ထမင်းချမ်းနဲ့ ဖျော်ပြီးသောက်တယ်။
ဘုန်းဘုန်းအဖေ အရက်ဖြတ်ပါတယ်။ ဘယ်ဆေးရုံမှာမှတက်ပြီး ဖြတ်တာ မဟုတ်ပါဘူး။ ဘယ်ဘုရား၊
ဘယ်ဘုန်းကြီးဆီမှာမှ အာမ ဘန္တေ ခံပြီး ဖြတ်တာမဟုတ်။ နယ်မှာ အလုပ်သွားလုပ်ရင်း ကိုယ့်ဟာကိုယ်
အရက်ဖြတ်လိုက်တယ်။ ဘုန်းဘုန်းအဖေက ဘုန်းဘုန်းထက် အရပ်မြင့်တယ်၊ တောင့်တင်းတယ်။ သူ အရက်
ဖြတ်တုန်းက အရိုးပေါ် အရေတင်အောင် အရက်သမားပြော.. ပြောရရင် ဒုံးဖြတ်တယ် ခေါ်တာပေါ့။
အစိမ်းလိုက်ဖြတ်တယ်။ သေလောက်အောင်ထိ ဝေဒနာ ခံစားရတယ်။
ဦးလေးတို့၊ အဒေါ်တို့က ပြန်ပြောပြတာပေါ့လေ....။ ဟာ... အသက်တော့ အသေမခံပါနဲ့၊ အရက်တော့
နည်းနည်းကလေး သောက်ပါ။ သူက .. သေချင်၊ သေပါစေ။ ငါမသောက်တော့ဘူး။ အရက်ဖြတ်မှာ။ ဘာဖြစ်လို့
အရက်ဖြတ်တာတုန်းဆိုတော့.. ငါ့သား အင်ဂျင်နီယာဖြစ်တော့မယ်။ အင်ဂျင်နီယာ အလုပ်တွေ လုပ်တော့မယ်။
သူ့အသိုင်းအ၀ိုင်း သူ့ပရိတ်သတ်ထဲမှာ အရက်သမားရဲ့သားလို့ အဖြစ်မခံနိုင်ဘူးတဲ့။ သားရဲ့ ဂုဏ်သိက္ခာ..
အရက်သမားရဲ့သားလို့ အပြောခံရမှာ စိုးလို့တဲ့။ မိဘဖြစ်ပြီးတော့ သားသမီးကို မေတ္တာထားနိုင်ကြပါစေ။
သားသမီးဖြစ်ပြီးတော့ မိဘကိုမေတ္တာပေးနိုင်ကြပါသဖြင့် ကြည်ကြည်ဖြူဖြူနဲ့ ဘ၀သံသရာ ခရီးကို
လျှောက်လှမ်းနိုင်ကြပါစေကုန်သတည်း။ ။
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment