Tuesday, February 12, 2019

သားသမီးရတနာကို မိဘတွေက ရွေးလို့ရသလား။

       "သားသမီးရတနာကို မိဘတွေက ရွေးလို့မရဘူးလား" ဆိုတော့ .. တွက်ကြည့်လေ.. လူ့ပြည်
ကလည်း တစ်ဦးတစ်ယောက်က ဘ၀ဆုံးသွားရင် ကိုယ့်ဝမ်းကြာတိုက်ကို ၀င်လာလို့ရသလို နတ်ပြည်
ကလည်း နတ်သား၊ နတ်သမီးတွေ..၊ ဗြဟ္မာပြည်ကလည်း....၊ ငရဲပြည်ကလည်း..၊ တိရစ္ဆာန်ဘ၀က

လည်း ကိုယ့်ဝမ်းကြာတိုက်ကို ၀င်လာလို့ရတယ်။ ငရဲ၊ တိရစ္ဆာ၊ ပြိတ္တာ၊ အသူရကာယ်ဘ၀တွေက
လည်း လူ့ဘ၀ကိုလာပြီး ကိုယ့်ဝမ်းကြာတိုက်ကို ၀င်လာလို့ရတယ်။
          ကိုယ်က သားသမီးရတနာကို ကိုယ်ကြိုက်တာ ခေါ်လို့ရတယ်။ မိဘတွေက တကယ်လို့များ
သားကောင်းရတနာ၊ သမီးကောင်းရတနာတွေကို ကိုယ့်ဗိုက်ထဲ ရောက်စေချင်တယ်၊ ရစေချင်တယ်
ဆိုရင် ဘုန်းဘုန်းတို့ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမအတိုင်း ပြောပြရရင်တော့ မင်္ဂလာဆောင်ပြီးကတည်းက
ဥပုသ်စောင့်ကြပါလား?၊ မြင့်မြတ်တဲ့ စိတ်ဓာတ်ကောင်းတွေကို တတ်နိုင်သမျှမွေးထားပြီး ပြုမူဆက်
ဆံရမယ်ဆိုတဲ့ အသိကလေးများရှိသွားရင် မိမိရဲ့ ၀မ်းကြာတိုက်ထဲ ငရဲ၊ တိရစ္ဆာ၊ ပြိတ္တာ၊ အသူရကာယ်
အပါယ်လေးဘုံက ဘယ်သူမှ ဘ၀ပြောင်းပြီး ရောက်မလာနိုင်ဘူး။
          မြတ်စွာဘုရားအလောင်းတော်နတ်သားဟာ တုသိတာနတ်ပြည်က လူ့ပြည်ကို ဆင်းတော့
မယ်ဆိုတော့ အမေအဖေကိုရွေးပြီး လူ့ပြည်ကို ရောက်လာတာ။ တွက်ကြည့်ပေါ့..၊ အိမ်ထောင်ကျ
ကာစ ဇနီးမောင်နှံနှစ်ဦးက ကိုယ်ကျင့်သီလတွေရှိလို့၊ အလှူအတန်း ဒါနတွေပြုလို့၊ ဥပုသ်သီလတွေ
ဆောက်တည်ကာ ကုသိုလ်ကောင်းမှုတွေကို အမြဲနေ့စဉ်ပြုနေကြရင် နတ်ပြည်ဌာနက ဒီအတိုင်း
လာကြတာမဟုတ်ဘူး၊ ဘယ်သူ့ကို အဖေတော်ရမလဲ?၊ ဘယ်သူ့ကို အမေတော်ရမလဲ?၊ ကြည့်ကာ
အဖေတော်ဖို့၊ အမေတော်ဖို့ ကိုယ်တို့ကိုရွေးကြမယ်။ ကိုယ့်မှာ သားရတနာ၊ သမီးရတနာတွေရအောင်
ကိုယ်ရွေးလို့ ရတယ်။  ဒါပေမဲ့ ဒီနည်းတွေ ဘယ်သူမှ မသိကြပါလေ။   တကယ်လို့သာ ကိုယ်က
သီလလဲမရှိ၊ သမာဓိလဲမပါ၊ ပညာဉာဏ်ကလဲ ဘာမှမရှိဘဲနဲ့  မူးမူး ရူးရူး၊ မိုက်မိုက်ကန်းကန်း၊
အရက်သောက်လိုက်၊ ဖဲရိုက်လိုက်၊ ချဲထိုးလိုက်တဲ့အမေ၊ အဖေမျိုးကို ဘယ်သူဝင်လာမှာလဲဆိုရင်..
“လမ်းဘေးက ပြိတ္တာ”။ အဲဒီ ပြိတ္တာတွေပဲ ၀င်တော့တာ။ ဘယ်နတ်သား၊ နတ်သမီးကမှ စုတေပြီး
ဝင်ချင်စိတ်ကို မရှိဘူး။ အဲဒီလို.. သားသမီးရတနာတွေရအောင် နည်းကောင်းများကို သိရှိနားလည်
ဘောပေါက်ကြပြီး၊ အဖေကလဲ *သီလ၊ *သမာဓိ၊ *ပညာရှိ၊ အမေကလဲ *သီလ၊ *သမာဓိ၊
*ပညာရှိကြကာ၊ မိဘတွေ အလိုအပ်ဆုံး ဖြစ်တဲ့ *သားကောင်း  ရတနာ၊ *သမီးကောင်း ရတနာတွေ
ရအောင် ကိုယ်တိုင် ရွေးချယ်ယူနိုင်သော သူတော်ကောင်းတွေ ဖြစ်ကြပါစေသတည်း။
      { ဓမ္မဒူတ အရှင်ဆေကိန္ဒဟော ကြားတော်မူသော “ ဘ၀ဖြောင့်ကြောင်း တစေ့တစောင်း
    အပိုင်း ( ၁ ) “ တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
   သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

      ဦးသိန်းဝေ။       http://www.facebook.com/damanadi.tk
                           http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment