ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ စိတ်ကူးကြံစည်တိုင်း... စိတ်အမူအရာကို မှတ်။ ငယ်သည်ဖြစ်စေ၊ ကြီးသည်
ဖြစ်စေ၊ ပြုပြင်လှုပ်ရှားတိုင်း ကိုယ်အမူအရာကို မှတ်။ ကိုယ်ထဲ၊ စိတ်ထဲ၌ ကောင်းသည် ခံသာသည် ဖြစ်စေ၊ ဆိုးသည် မခံသာသည်
ဖြစ်စေ၊ ဝေဒနာ ဟူသမျှကို ဖြစ်ပေါ်လာတိုင်းမှတ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ စိတ်ထဲ၌ထင်ပေါ်လာသော
အာရုံဟူသမျှကို မှတ်။ ဤသို့သော မှတ်ဖွယ်အထူးများမရှိသောအခါ၌ ဖောင်းမှု၊ ပိန်မှု၊ ထိုင်မှု စသောမှတ်နေကျကိုသာ
မပြတ်မှတ်လေ။ သွားဆဲ၌လည်း ကြွမှု၊ လှမ်းမှု၊ ချမှု တို့ကိုသာ မပြတ်မှတ်လေ။ ဤနည်းဖြင့် အိပ်ပျော်ခိုက်ကို ချန်လှပ်၍
နေ့ရော ညဥ့်ပါ မပြတ်မစဲ တစ်မှတ်ထဲ မှတ်နေလျှင် မကြာမီပင် ဖြစ်ပျက်တိုင်း ရုပ် နာမ် အလုံးစုံကို ပစ္စုပ္ပန်ကျအောင်
မှတ်သိနိုင်၍ ဥဒယဗ္ဗယဉာဏ်စသော ၀ိပဿနာဉာဏ်ထူးများ အစဉ်အတိုင်း ဖြစ်ပေါ်လာသည်ကို ကိုယ်တိုင်ဒိဋ္ဌ တွေ့ရပါမည်။
{ မဟာစည်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုမှတ်နည်း မှ ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment