Thursday, August 22, 2013

သာသနာ့အဆောက်အဦးဆိုသည်မှာ...?

                               သာသနာ.ဆိုတာ ဘုရားရှင်ရဲ့အဆုံးအမ....
ဘုရားက ဘာကိုဆုံးမ ထားသလဲ...ဆိုတော့
"မကောင်းတာ မလုပ်ဖို့
ကောင်းတာ လုပ်ဖို့
စိတ်ကို ဖြူစင်သန့်ရှင်းအောင်ထားဖို့
"
အဲဒါပါ။

သာသနာပြုတယ်ဆိုတာ ဘုရားအဆုံးအမ ကို ရင်ထဲ နှလုံးထဲ ရောက်သွားအောင်. တစ်နည်းနည်းနဲ့ ပို့ပေးရတာ။ ဘုရားအဆုံးအမ ဆိုတာ က ယူနီဗာဆယ်။ ဘယ်နေရာမဆိုသုံးလို့ရတယ်။ ဘုရားရှင်က စီးပွါးရေး ကျန်းမာရေး ပညာရေး. လူမှုရေး.နိုင်ငံ ရေး စစ်ရေးပါမကျန် သူ့နေရာနှင့် သူ အသုံးချရတာပါ။
အဲဒါကို မသိ နားမလည်ရင် သာသနာပြုတယ်ဆိုတာ ဘုရားတည် စေတီတည် . ထီးတင် .အဲဒါတွေကိုပဲ သာသနာပြုတယ်လို့ ထင်နေတတ်ကြပါတယ်။ ဒါကိုပဲ သာသနာပြုတယ်.သာသနာပြုတယ်လို ကြော်ငြာနေတတ်ကြတာလည်း ရှိပါတယ်။
ဘာအရေးကြီးလဲ.
တကယ်တော့ စေတီဘုရားကျောင်းကန်တည်ခြင်းဆိုတာသည် သာသနိက .သာသနာ့အဆောက်အဦသာဖြစ်ပါတယ်။ ထိုသာသနာ့အဆောက်အဦများသည် .သာသနာမြပြုနိုင်။ ကိုးကွယ်ဆည်းကပ်သူမရှိသောအခါ ထိုသာသနာအဆောက်အဦများသည် .ရှေးဟောင်းသုသေတန အတွက်သာ အသုံးကျတော့သည်။ ထိုအခါတွင် နိုင်ငံခြားသား ခရီးသည်များက ထို ရှေးဟောင်းအဆောက်အဦး စေတီကို တအံ့တသြ ငေးမောကြည့် ဖို့အတွက် အသုံးဝင်လာပါလိမ့်မယ်။
ဥပမာ...အင်ဒိုနီးရှားနိုင်ငံ ရှိ ဗောရောဗုဓေါတေီ ကြိးဖြစ်ပါတယ်။
အတိတ်က ဗုဒ္ဓဘာသာနိုင်ငံတစ်ခု အဖြစ်ထင်ရှားခဲ့သော အင်ဒိုနီးရှား. မလေးရှား. အာဖဂန်နစ္စတန် စသည်နိုင်ငံများတွင် အဘယ်ကြောင့် ဗုဒ္ဓသာသနာပျောက်ဆုံးသွားခဲ့သည်ကို ယနေ့ဗုဒ္ဓဘာသာ ၀င်များက သင်ခန်းစာယူကြရပေမည်။ သုသေတနပြု လေ့လာပြီး အားနည်းချက်များကိုပြုပြင်နိုင်ပေမည်။
သို့မဟုတ်ပါက..အနာဂါတ်ကာလတွင် .ရွှေတိဂုံစေတီသည် ဗောရောဗုဓေါစေတီကဲ့သို့ မဖြစ်သွားနိုင်ဟု မည်သူ တပ်အပ်သေချာပြောနိုင်ပါအံ့နည်း။.....
အရှင် ကုမာရ
 www.dhammaweb.net မှတဆင့်ခံစားတင်ပြသည်။

No comments:

Post a Comment