ပုဏ္ဏားကြီး အမေး၊ မြတ်ဗုဒ္ဓဖြေ
# အရှင်ဂေါတမ၊ နိဗ္ဗာန်ဆိုတာရှိသလား
* ရှိပါတယ်-ပုဏ္ဏားကြီး
# အရှင်က နိဗ္ဗာန်ရှိတဲ့နေရာကို သိပါသလား
* သိပါတယ်
# နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်ဆိုတာ ရှိပါသလား
* ရှိပါတယ်-ပုဏ္ဏားကြီး
# အဲဒါကို အရှင်ဂေါတမက ဟောနိုင်ပါသလား
* ဟောနိုင်ပါတယ်
# အရှင်ဂေါတမ ဟောပြပေးတာကို နာရသူတိုင်း အဲဒီနိဗ္ဗာန်ဆီ
ရောက်ပါသလား
* ရောက်တဲ့သူတွေလဲ ရှိပါတယ်၊ မရောက်တဲ့သူတွေလဲ ရှိပါတယ်
# ဘယ်လိုဖြစ်လို့လဲ-အရှင်ဂေါတမ မရောက်တဲ့သူတွေက ဘာဖြစ်လို့
မရောက်ကြတာလဲ
မြတ်ဗုဒ္ဓအမေး ပုဏ္ဏားကြီး အဖြေ
* ပုဏ္ဏားကြီး-သာဝတ္ထိမြို့ဆိုတာ ရှိပါသလား
# ရှိပါတယ်၊ အရှင်ဂေါတမ
* သာဝတ္ထိမြို့ရှိတဲ့နေရာကို သင်သိပါသလား
# သိပါတယ်၊ အရှင်ဂေါတမ
* သာဝတ္ထိမြို့သို့ ရောက်စေနိုင်တဲ့လမ်းကရော ရှိသလား
# ရှိပါတယ်- အရှင်ဂေါတမ
* အဲဒီလမ်းကို ပုဏ္ဏားကြီးက ပြောပြပေးနိုင်ပါသလား
# ပြောပြပေးနိုင်ပါတယ်-အရှင်ဂေါတမ
* ပုဏ္ဏားကြီးပြောပြတာကို သိတဲ့သူတိုင်း သာဝတ္ထိမြို့သို့ ရောက်ပါ
သလား
# ရောက်တဲ့သူတွေလဲ ရှိတယ်၊ မရောက်တဲ့သူတွေလဲ ရှိပါတယ်
* ဘယ်လိုဖြစ်လို့လဲ- ပုဏ္ဏားကြီး
# တပည့်တော် နားလည်သွားပါပြီ အရှင်ဘုရား။ ပြောပြပေးထားတဲ့
အတိုင်း သေချာမှတ်သားပြီး သေချာလိုက်နာပြီး သွားသူတွေပဲ ရောက်ပါ
တယ် အရှင်ဘုရား...။
http://www.sbay-student.org/မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment